myaelatt athan

Sharing Information to the Local

အလဲထိုးနဲ့အရှုံးပေးခဲ့ရပြန်တဲ့ သန့်ဇင် (အားကစားသတင်း)

0
0

မြေလတ်အသံ၊ ဇန်နဝါရီ ၂၄၊၂၀၂၅၊

ဇန်နဝါရီ ၂၄ ရက်၊ ယခုလက်ရှိကျင်းပနေတဲ့ ONE 170 ပြိုင်ပွဲမှာ သန့်ဇင်ကတော့ ထိုင်းဖိုက်တာ စူရီယန်လက်ခ်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ 

ပွဲရဲ့ ပထမအချီအစမှာ သန့်ဇင်ဟာ သူအားသာတဲ့ အောက်ခြေသိမ်းကန်ချက်နဲ့ စခဲ့ပါတယ်။ စူရီယန်လက်ခ်ကလည်း အောက်ခြေကန်ချက်နဲ့တုံ့ပြန်ခဲ့ပါတယ်။ သန့်ဇင်ဟာ လူချင်းအကပ်သိပ်မခံဘဲ ထိုးသတ်ခဲ့တာ အလုပ်ဖြစ်ခဲ့ပြီး ဘယ်ဝိုက် ညာဖြောင့်လက်သီး စူရီယန်လက် လဲကျသွားတဲ့အထိကောင်းခဲ့ပါတယ်။ 

သန့်ဇင်ရဲ့အောက်ခြေကန်ချက်ကြောင့် စူရီယန်လက်ခ်နာသွားပုံရပြီး သိပ်မတိုးတော့တာကြောင့် ပထမချီဟာ သန့်ဇင်လုပ်တိုင်းဖြစ်နေခဲ့တာပါ။ သန့်ဇင်ခြေကန်ချက်ကောင်းမွန်တာကို သိသွားတဲ့ စူရီယန်လက်ခ်ကတော့ ကန်ရင်ရှောင်ပြီး သူအားသာတဲ့လက်သီးကို တိတိကျကျထိအောင်ပဲ ကြိုးစားနေရပါတယ်။ 

ဒုတိယအချီမှာတော့ အသာရနေတဲ့သန့်ဇင်ဟာ အောက်ခြေကန်ချက်နဲ့စပြီး စူရီယန်လက်ခ်နောက်ဆုတ်သွားချိန် ဒူးပျံခုန်ကျွေးခဲ့တဲ့အထိ အလုပ်ဖြစ်နေပါသေးတယ်။ စူရီယန်လက်ခ်တယောက် ရှောင်တိမ်းရင်း သူအားသာတဲ့လက်သီးချက်ကို သေချာအသုံးချနေပါတယ်။ 

အဲ့ဒီကပဲ လက်သီးနှစ်ချက်ဆက်တိုက်ထိခဲ့ပြီး သန့်ဇင်တယောက် အမှတ်စဉ်ရေတွက်ခံလိုက်ရပါတယ်။ သန့်ဇင်ဟာ ပြိုင်ဘက်အားသာတဲ့လက်သီးချက်ကို သတိမမူဘဲ အောက်ခြေကန်ဖို့သာအားထုတ်နေတာကြောင့် အငိုက်မိသွားပြီး သုံးကြိမ်တိတိလဲကျကာ အလဲထိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။ 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။