ယာယီနည်းပြနစ္စတယ်ရွိုင်းရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲ (အားကစားသတင်း)

0 1
0 1

မြေလတ်အသံ၊ နိုဝင်ဘာ ၃၊ ၂၀၂၄။

နည်းပြအပြောင်းအလဲပြုလုပ်ထားတဲ့ မန်ချက်စတာယူနိုက်ဟာ နည်းပြသစ် အာမိုရင် မကိုင်တွယ်ခင် လက်ထောက်နည်းပြဖြစ်တဲ့ ဂန္ထဝင်ကစားသမား နစ္စတယ်ရွိုင်းက ယာယီနည်းပြအဖြစ် ကိုင်တွယ်နေတာပဲ ဖြစ်ပါတယ်။

နစ္စတယ်ရွိုင်းအနေနဲ့ ဒီပွဲဟာ ယူနိုက်တက်ကိုနည်းပြအဖြစ် တာဝန်ယူပြီးကိုင်တွယ်ရမယ့် ဒုတိယပွဲဖြစ်ပြီး ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ EFL ပွဲစဉ်မှာတော့ လက်စတာစီးတီးအသင်းကို ၅ ဂိုး ၂ ဂိုး ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ ရရှိခဲ့တာပါ။

ယနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီမှာ ယှဉ်ပြိုင်မယ့်ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာတော့ နစ္စတယ်ရွိုင်းရဲ့ ယာယီနည်းပြဘဝ ဒုတိယပွဲစဉ်အဖြစ်  ချဲလ်ဆီးအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပြီး တန်ဟဂ် ထုတ်ပယ်ပြီးနောက်ပိုင်း ယူနိုက်တက်တို့ ဘာတွေ လုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေပါ။

ပြီးခဲ့တဲ့ EFL ပွဲစဉ်မှာ နယူးကာဆယ်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ချဲလ်ဆီးအသင်းကတော့ အဲ့ဒီပွဲမှာ အရန်ကစားသမားတွေကိုသာ အသုံးပြုသွားတာဖြစ်ပြီး ဦးစားပေးကစားသမားတွေကိုပဲ ထုတ်သုံးခဲ့တဲ့ ယူနိုက်တက်နဲ့စာရင် ကစားသမားတွေ ကောင်းကောင်း အနားရထားတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရ ကစားသမားကင်းစင်တဲ့ချဲလ်ဆီးဘက်က ဒဏ်ရာရ ကစားသမား ၈ ယောက်လောက်ရှိနေတဲ့ ယူနိုက်တက်ထက်ပိုပြီးတော့ ကစားသမား ရွေးချယ်အသုံးပြုနိုင်စွမ်း သာလွန်နေတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ် နောက်ဆုံး ၁၁ ကြိမ်တိတိ ချဲလ်ဆီးကို ရှုံးနိမ့်ထားခြင်းမရှိခဲ့ဘဲ ၅ ပွဲနိုင် ၆ ပွဲသရေ ရရှိထားခဲ့ပေမယ့် ချဲလ်ဆီးနောက်ဆုံးတွေ့ဆုံခဲ့တဲ့ ချဲလ်ဆီးရဲ့ စတန်းဖို့ဘရစ်ကွင်းမှာတော့ ၄ ဂိုး ၃ ဂိုး ရလဒ်နဲ့ ယူနိုက်တက် ရှုံးနိမ့်ခဲ့ရပြီး ကိုးလ်ပါးမားက ဟက်ထရစ် သွင်းယူတာကိုပါ ခွင့်ပြုခဲ့ရတာပါ။

ဒီနေ့ညမှာတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းအတန်အသင့် တည်ငြိမ်နေတဲ့ ချဲလ်ဆီးနဲ့ လတ်တလော နည်းပြအပြောင်းအလဲအပြင် ခြေစွမ်းတည်ငြိမ်မှုပါမရသေးတဲ့ ယူနိုက်တက်တို့ပွဲစဉ်ဟာ သွင်းဂိုးအများအပြားနဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာမလားဆိုတာ စိတ်ဝင်စားစရာပါ။

ယူနိုက်တက် ဂန္ထဝင် တိုက်စစ်မှူး နစ္စတယ်ရွိုင်းရဲ့ တိုက်စစ်အားသန်တဲ့ ကစားဟန်ကရော ချဲလ်ဆီးကို ဘယ်လောက်အထိ လွှမ်းမိုးနိုင်မလဲ၊ ပရိသတ်မျှော်လင့်ထားသလို နစ္စတယ်ရွိုင်းအနေနဲ့ နိုင်ပွဲယူဆောင်ပေးနိုင်မလား၊ ဒါမှမဟုတ် လက်ရှိ အဖက်ဖက်က ပိုမိုသာလွန်နေတဲ့ ချဲလ်ဆီးကပဲ အဝေးကွင်း ၁၁ ပွဲဆက် အနိုင်မရခဲ့သေးတဲ့ စံချိန်ကို ချိုးဖျက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Photo – SuperSport Football

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။