myaelatt athan

Sharing Information to the Local

ပုံစံသစ်နဲ့ကျင်းပမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ (အားကစားသတင်း)

0
0

မြေလတ်အသံ၊ သြဂုတ် ၂၉၊ ၂၀၂၄။

၂၀၂၄-၂၀၂၅ ဘောလုံးရာသီကနေ စတင်ပြီးတော့ ချန်ပီယံလိဂ်ပြိုင်ပွဲကို ပုံစံအသစ်နဲ့ပြောင်းလဲကျင်းပတော့မှာဖြစ်ပြီး ယခင်က အသင်း ၄ သင်းပါဝင်တဲ့ အုပ်စု ၈ ခုနဲ့ စုစုပေါင်း ၃၂ သင်းပါဝင်တဲ့ ပြိုင်ပွဲပုံစံကနေ ၃၆ သင်းပါဝင်ပြီး အမှတ်ပေးဇယားပုံစံနဲ့ ပြောင်းလဲကျင်းပမှာဖြစ်ပါတယ်။

အုပ်စုအဆင့်ပွဲစဉ်မှာ အသင်းတသင်းကို ပြိုင်ဘက် ၈ သင်းနဲ့တွေ့ဆုံရမှာဖြစ်ပြီး အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ယခင်ကလို တသင်းတည်းနဲ့ အိမ်ကွင်း အဝေးကွင်းယှဉ်ပြိုင်ရတဲ့စနစ် မရှိတော့ပါဘူး။ ဒါ့အပြင် အုပ်စုတွင်းမှာ နိုင်ငံတူအသင်းနဲ့လည်း တွေ့ဆုံမှာမဟုတ်ပါဘူး။

အမှတ်ပေးဇယားနဲ့ ရှုံးထွက်အဆင့်တက်ရောက်ဖို့ ဆုံးဖြတ်မှာဖြစ်တာကြောင့် အဆင့်ကွာခြားချက်အတွက် ရဂိုး ပေးဂိုးတွေက အရေးပါလာမှာဖြစ်သလို ပွဲစဉ် ပိုမိုများလာတာကြောင့် ပွဲပန်းမှုနဲ့ ဒဏ်ရာအနာတရဖြစ်မှုတွေ ဖြစ်လာနိုင်ပြီး တဖက်မှာလည်း ယခင် ပုံစံဟောင်းပြိုင်ပွဲရဲ့ သွင်းဂိုးပေးဂိုးစံချိန်တွေကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်မယ့် အခွင့်အရေးလည်း ပိုမိုများပြားလာပါတယ်။

ပြိုင်ပွဲဝင် ၃၆ သင်းမှာ အဆင့် ၁ ကနေ ၈ အထိ ၈ သင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်မှာ ဖြစ်ပါတယ်။ အဆင့် ၆ ကနေ ၂၄ အထိ ၁၆ သင်းကတော့ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ play-off အိမ်ကွင်း အဝေးကွင်းနှစ်ပွဲ ကစားရမှာဖြစ်ပြီး ရှုံးတဲ့အသင်း ၈ သင်းနဲ့ အဆင့် ၂၅ ကနေ ၃၆ အထိ ၁၂ သင်းကတော့ ပြိုင်ပွဲကနေ ထွက်ခွာရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ယူရိုပါလိဂ်ကို ဆင်းကန်ရတဲ့ စနစ်လည်း မပါဝင်တော့ပါဘူး။

ချန်ပီယံလိဂ် အုပ်စုအဆင့် မဲခွဲပွဲကိုတော့ ယနေ့ ဩဂုတ်လ ၂၉ ရက် မြန်မာစံတော်ချိန် ည ၁၀ နာရီ ၃၀ မိနစ်မှာ ကျင်းပသွားမှာဖြစ်ပြီး ယခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၂၀၂၅ ခုနှစ် မေလ ၃၁ ရက်၊ ဘိုင်ယန်မြူးနစ် အိမ်ကွင်း အလိုင်းယန့် အရီနာမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#အားကစားသတင်း #ချန်ပီယံလိဂ် #အုပ်စုအဆင့် #မဲခွဲ 

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။