UFC မှာ ပထမဆုံးရှုံးပွဲကြုံခဲ့တဲ့ ဗန် (အားကစားသတင်း)

0 1
0 1

မြေလတ်အသံ၊ ဇူလိုင် ၁၄၊ ၂၀၂၄။

မြန်မာစံတော်ချိန် ၈း၃၀ ဝန်းကျင်မှာထိုးသတ်သွားခဲ့တဲ့ UFC Fight Night ပွဲ FLYWEIGHT တန်းမှာ ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန်ဟာ ပြိုင်ဘက်ကစားသမား ချားလ်ဂျွန်ဆင်ကို ရှုံးနိမ့်ခဲ့ပါတယ်။ 

ဗန်နဲ့ ဂျွန်ဆင်တို့ဟာလူကောင်ကွာခဲ့ပြီး နှစ်ဦးစလုံးလက်သီးချက်တွေအပြိုင်ထုတ်သုံးခဲ့ကြကာ ပထမအချီနဲ့ ဒုတိယအချီတို့ဟာ ကြည့်ကောင်းခဲ့ပါတယ်။ ဂျွန်ဆင်ဟာ သူအားသာတဲ့ခြေတံလက်တံတွေနေ ဗန်ကိုအခက်တွေ့အောင်လုပ်ခဲ့ပြီး ချုပ်ကွက်ရဖို့စွမ်းဆောင်ခဲ့သလို ဗန်ဟာ ဂျွန်ဆင်ရဲ့လက်သီးချက်တွေနဲ့ ချုပ်ကွက်တွေကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တာကိုတွေ့ရပါတယ်။ 

တတိယအချီပြန်အစမှာတော့ နှစ်ယောက်ဆိုင်ထိုးနေချိန် ဂျွန်ဆင်ရဲ့ဝိုက်လက်သီးဟာ ဗန်ရဲ့ဦးခေါင်းကိုထိကာ မူးဝေသွားပြီး ဂျွန်ဆင်ဟာဆက်တိုက်လိုက်ကာ ပင့်လက်သီးနဲ့ပွဲကိုအဆုံးသတ်လိုက်ပါတယ်။

ဗန်ဟာ UFC မှာ လေးပွဲထိုးသတ်ထားပြီး အမှတ်အဆုံးအဖြတ်နဲ့ ၂ ပွဲ၊ အလဲထိုး ၁ ပွဲအနိုင်ရရှိခဲ့ကာ ဒီပွဲဟာ ဗန်အတွက်တော့ UFC မှာပထမဆုံးရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ 

Photo – SS from UFC Live

#မြေလတ်အသံ

#UFCDenver #thefearless #အားကစား #လက်ဝှေ့ #Van #Johnson

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။