မြေလတ်အသံ၊ အောက်တိုဘာ ၂၀၊ ၂၀၂၅။
ပရီးမီးယားလိဂ် ပွဲစဉ် ၈ အောက်တိုဘာ ၁၉ ရက် တနင်္ဂနွေနေ့နောက်ဆုံးပွဲဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက်တို့ရဲ့ အင်္ဂလန်ဒါဘီမှာ ယူနိုက်တက်က ၂-၁ ရလဒ်နဲ့ လီဗာပူးလ်ကို အန်ဖီးလ်မှာ အနိုင်ယူခဲ့ပါတယ်။
ပွဲအစ ၂ မိနစ်မှာပဲ ယူနိုက်တက်ကို ဦးဆောင်ဂိုး ၁ ခွင့်ပြုပေးခဲ့ရတဲ့ အိမ်ရှင် လီဗာပူးလ် အတွက် ကစားရခက်ခဲတဲ့ပွဲဖြစ်ခဲ့ပြီး ကိုဒီဂက်ပို ရဲ့ တိုင်ထိတာတွေနဲ့ တိုက်စစ်ကစားသမားတွေ အပိုင်အခွင့်အရေး လွဲချော်မှုတွေကြောင့် ပထမပိုင်းအပြီးမှာ အမ်ဘူမိုရဲ့ဦးဆောင်ဂိုးနဲ့ပဲ ယူနိုက်တက်က အသာစီးရယူထားခဲ့တာပါ။
ဒုတိယပိုင်း ၇၈ မိနစ်မှာတော့ အကြိမ်ကြိမ် ကံခေနေတဲ့ ဂက်ပို က ချေပဂိုးကို ရယူနိုင်ခဲ့ပြီး ယူနိုက်တက်ကတော့ ခံစစ်ပဲကစားနေရတာကြောင့် လီဗာပူးလ်တို့ အနိုင်ဂိုးထပ်ရသွားနိုင်မလား ထင်မှတ်နေချိန်မှာပဲ ချေပဂိုးပေးပြီး ၆ မိနစ်အကြာမှာ မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့ ယူနိုက်တက်က ထပ်မံဦးဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက် လက်ကျန်မိနစ်တွေမှာ လီဗာပူးလ်က နောက်ထပ် ချေပဂိုးပြန်လည်သွင်းယူနိုင်ရေး ကြိုးစားခဲ့ပေမယ့် ယူနိုက်တက်နောက်တန်းကို ကျော်ဖြတ်နိုင်ခြင်းတာကြောင့် ပွဲအပြီးမှာ ၁-၂ ရလဒ်နဲ့ အင်္ဂလန်ဒါဘီမှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒီရာသီ ၂ ပွဲဆက် နိုင်ပွဲမရရှိသေးတဲ့ ယူနိုက်တက်ကတော့ လီဗာပူးလ်ကို အနိုင်ယူပြီး ပထမဆုံး ၂ ပွဲဆက်နိုင်ပွဲ ရယူနိုင်ခဲ့ကာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။
ဒါ့အပြင် လီဗာပူးလ်အသင်းအနေနဲ့ ပြိုင်ပွဲစုံ ၄ ပွဲဆက် ရှုံးပွဲကြုံတွေ့နေရပြီး ဒီနေ့ရှုံးပွဲကြောင့် အဆင့် ၂ ကနေ အဆင့် ၄ အထိ ရောက်ရှိသွားကာ အဆင့် ၁ က အာဆင်နယ်နဲ့ ၄ မှတ် ကွာဟခဲ့ပြီပဲ ဖြစ်ပါတယ်။
 
				 
								