မုံရွာမှာ စစ်အုပ်စုက အရပ်ဝတ်တွေဝတ်ပြီး လမ်းသွားပြည်သူတွေဆီက ပိုက်ဆံတောင်းနေ

0 9
0 9

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မုံရွာ-အမြင့်လမ်းထိပ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အရပ်ဝတ်တွေဝတ်ထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်ကစပြီး မုံရွာ−အမြင့်လမ်းထိပ်ပိုင်းမှာ အင်အား ၄ ဦးနဲ့ ဂိတ်ချထားပြီး လမ်းသွားလမ်းလာ ပြည်သူတွေဆီကနေ ငွေကြေးကောက်ခံတာတွေအပြင် ဖုန်း၊ ဆိုင်ကယ်၊ ကားတွေကို စစ်ဆေးတာတွေပါ လုပ်နေတာလို့ မုံရွာမြို့ခံတဦးက ပြောပါတယ်။

“သူတို့ကောက်တဲ့နေရာက အဓိကကျပြီး မြို့အဝင်လို ဖြစ်နေတာ။ အရင်အဲ့နေရာက အခုလို တပ်စွဲမထားဘူးဗျ။ ဟိုတလောက ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်သွားတာ သုံးယောက်လောက် ကျသွားပြီး အခုအဲ့နေရာကို တပ်စွဲထားပြီး ပိုက်ဆံကောက်တာ။ ဖုန်းတွေစစ်၊ ဆိုင်ကယ်တွေစစ် လုပ်နေကြပြီး ငွေညစ်တာပါ” လို့ ဆိုပါတယ်။

အဲ့ဒီစစ်သားတွေဟာ ဖေဖော်ဝါရီလ ၁၇ ရက် ဒီမနက်ပိုင်းအထိ အဲ့ဒီနေရာမှာ ရှိနေပြီး၊ လမ်းသွားပြည်သူတွေကို ဆဲဆိုကြိမ်းမောင်းတာတွေအပြင် သေနတ်နဲ့ချိန်ကာ ချိန်းခြောက်ပြောဆိုတာတွေပါ လုပ်တယ်လို့ အထက်ပါမြို့ခံတဦးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက် မနက်မှာလည်း မုံရွာ-အမြင့်လမ်း ကညန ရုံး အနီးနားမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အိမ်စီးကား ၅ စီးနဲ့ ရောက်ရှိလာပြီး လမ်းသွားပြည်သူတွေကို စစ်ဆေးမှုတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။