16 July 2025 3:15 AM

myaelatt athan

Sharing Information to the Local

ကြို့ပင်ကောက်မှာ အိမ်စီးကားတစီး အရှိန်လွန်တိမ်းမှောက် ၂ ဦး ဒဏ်ရာရ

0 6
0 6

ပဲခူး၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်ကားလမ်း ကျွဲဘိကျေးရွာအနီးမှာ ဖေဖေါ်ဝါရီလ ၁၅ ရက် မနေ့နေ့လယ်က အိမ်စီးကားတစီး အရှိန်လွန်ကာ လမ်းဘေးထိုးကျမှု ဖြစ်ပွားတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ပြည်ခရိုင်၊ ပေါင်းတည်မြို့ကနေ ရန်ကုန်တိုင်း၊ ဥက္ကံမြို့ကို မောင်းနှင်လာတဲ့Toyota Succed အမျိုးအစားမော်တော်ယာဥ်ဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က ပေါင်းတည်က ပြန်လာတာလို့ ပြောတယ်။ ကားကအရှိန်လွန်မှောက်ပြီး ပက်လက်လန်သွားတာ။ ယာဥ်မောင်းနဲ့ဘေးကတယောက် ဒဏ်ရာရသွားတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။

လမ်းဘေးမှာ ပက်လက်လန်နေတဲ့ကားကို အနီးဝန်းကျင်ပြည်သူတွေက ဝိုင်းဝန်းကူညီမှုတွေ ပြုလုပ်ပေးတယ်လို့လည်း သူကဆက်ပြောပါတယ်။

ဒါဏ်ရာရလူနာအမျိုးသား ၂ ဦးကို ကြို့ပင်ကောက်မြို့ မြတ်မွန်စေတနာကလျာဏမိတ္တ နာရေးကူညီမှုအသင်း လူနာတင်ယာဥ်နဲ့ ကြို့ပင်ကောက်ဆေးရုံကို ကူညီပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၃ ရက်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်လမ်းပေါ်မှာ လမ်းဖြတ်ကူးသူ အမျိုးသားတဦး ကားတိုက်ခံရကာ သေဆုံးခဲ့ပြီး ရန်ကုန်တိုင်း၊ ဥက္ကံမြို့မှာလည်း ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတဦး ကားတိုက်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။