15 July 2025 8:22 PM

myaelatt athan

Sharing Information to the Local

လောင်းကစားဝိုင်းမှာ ဒိုင်ကိုင်နေတဲ့ ပျူခေါင်းဆောင် ပစ်ခတ်ခံရလို့ ပြင်းထန်ဒဏ်ရာရ

0 2
0 2

ပဲခူး၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ရွှေကြိုပင်ကျေးရွာ လယ်ကွင်းထဲက လောင်းကစားဝိုင်းမှာရှိနေတဲ့ ကျေးရွာပျူစောထီးခေါင်းဆောင် လောင်းကစားဒိုင်ဆိုသူဟာ သေနတ်နဲ့ပစ်ခံရလို့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ည ၁၀ နာရီကျော်ခန့်မှာ ရွှေကြိုပင်ကျေးရွာ ပျူခေါင်းဆောင် ကြီးမြင့် (ခေါ်) ကတုံး အသက် ၆၇ နှစ်ဟာ လောင်းကစားဝိုင်းမှာ ရှိနေချိန် သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့တယ်လို့ သာယာဝတီခရိုင်၊ ဂဠုန်တပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

“သူက ၂၀၂၀ ရွေးကောက်ပွဲကတည်းက ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်တဲ့သူ။ အာဏာသိမ်းပြီးတော့လည်း ဆန္ဒပြလူငယ်တွေကို ဖမ်းဖို့ စကစကို သတင်းပေးတဲ့သူ။ ခုလည်း စကစတွေနဲ့ပေါင်းပြီး ရွာစဥ်လှည့်လောင်းကစားဝိုင်းတွေ လုပ်နေသူဖြစ်တယ်။ လောင်းကစားဝိုင်းတွေကြောင့် ရွာကသူတွေလည်း ဘဝပျက်သူတွေ များနေပြီ” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ ကြီးမြင့်မှာ နောက်ကျောနဲ့ပေါင်မှာ သေနတ်ဒဏ်ရာရပြီး သာယာဝတီဆေးရုံကနေ ရန်ကုန်ဆေးရုံကိုပို့ထားရတယ်လို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုကိုတော့ လက်ပံတန်းမြို့နယ် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့(ဒေါင်းလေးတပ်ဖွဲ့) နဲ့ သာယာဝတီခရိုင် ဂဠုန်တပ်ဖွဲ့ အဖွဲ့ ၄ တို့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေ့မှာပဲ သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းနဲ့ညောင်လေးပင်ရွာကြားမှာ လောင်းကစားဝိုင်းကို PDF တွေက မိုင်းခွဲသတိပေးချိန် PDF တွေကို စကေဘာနဲ့ ပြေးထိုးတဲ့ ပျူစောထီး ဘိုကျောက်ဆိုသူ သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာပြင်းထန်ရခဲ့သေးတယ်လို့ သိရပါတယ်။

ပျူစောထီးအဖွဲ့တွေဟာ ကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေကို အနည်းဆုံး ၃ ရက်မှ အများဆုံး ၇ ရက်ထိ အာဝါဒေးသဘောမျိုး​ပြုလုပ်နေကြတယ်လို့ ဆိုပါတယ်။

လောင်းကစားဝိုင်းတွေ ပြုလုပ်ခွင့်ရဖို့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရဲနဲ့စစ်တပ်ကို အနည်းဆုံးကျပ် ၁ သိန်းမှ ကျပ် ၁၀ သိန်းထိပေးပြီး လုပ်ကြရပြီး လောင်းကစားဝိုင်းတွေမှာ ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ဖဲဝိုင်း၊ အန်စာတုံးဝိုင်းတွေ ပါဝင်ပြီး ကျပ်သိန်း ဆယ်ဂဏာန်းထိ လောင်းကစားပြုလုပ်ကြတယ်လို့ ဆိုပါတယ်။

လောင်းကစားဝိုင်းတွေ ပေါလာတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင် ပုံမှန်လုပ်သူနည်းလာပြီး ခိုးဆိုးလုနှိုက်တွေလည်း ပေါလာတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။