myaelatt athan

Sharing Information to the Local

သေဆုံးစစ်ကောင်စီအရာရှိတွေကို ထင်းမီးနဲ့သင်္ဂြိုဟ်ရာက ကြာဇံစက်ကို မီးကူးစက်လောင်ကျွမ်း

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့မှာ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခံရတဲ့ အရာရှိ ၆ ဦး နဲ့ပျူ ၃ ဦးတို့ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ မနက်အချိန်မှာ မီးသင်္ဂြိုဟ်ခဲ့ရာက အနီးအနားရှိ ကြာဇံစက်ရုံကို မီးကူးစက်လောင်သွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့တဲ့ စစ်ကောင်စီအရာရှိတွေနဲ့ ပျူတပ်သားတွေဟာ အရာတော်မြို့အခြေစိုက် လေ့ကျင့်ရေး (၁၀) တပ်ကဖြစ်ပြီး၊ သူတို့ကို အရာတော်သုသာန်မှာ တိတ်တဆိတ် မီးသင်္ဂြိုလ်နေချိန် မီးအားအလွန်ပြင်းတာကြောင့် သုသာန်အနီးမှာရှိတဲ့ ကြာဇံစက်ရုံရဲ့ ခြံစည်းရိုးတွေကို မီးကူးစက် လောင်သွားခဲ့တာဖြစ်တယ်လို့ Danger Force LPDF မှ ပြန်ကြားရေးတာဝန်ခံ ကိုမာန်ဟုန်က ပြောပါတယ်။

“မီးသင်္ဂြိုလ်တာက စက်နဲ့မဟုတ်ဘူး။ အလောင်းတွေကို ထင်းပုံပြီးတော့ မီးရှို့တာ။ အဲဒီအချိန်မှာ လေက တအားတိုက်နေတော့ မီးကစက်ရုံရဲ့ ခြံစည်းရိုးတွေကို ကူးစက်လောင်ကျွမ်းသွားတာ။ အဲဒီအချိန်မှာဘဲ မီးသတ်ကားတွေကို ခေါ်ပြီးတော့ မီးငြှိမ်းသတ်ခဲ့ရ​တယ်။ မီးသတ်ကားတွေ ရောက်လာခဲ့လို့ စက်ရုံအထဲကိုတော့ မီးကမရောက်ခဲ့ဘူး” လို့ ဆိုပါတယ်။

လေ့ကျင့်ရေး(၁၀)တပ်ကို PDF တွေက ဖေဖော်ဝါရီ ၁၂ ရက်နေ့ညနေ ၅ နာရီကျော်မှာ ၈၀ မမနဲ့ ၅ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လက်နက်ကြီးကျည်တွေမှာ တပ်တွင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ကာ အရာရှိ ၆ ဦး၊ ပျူ ၃ ဦး သေဆုံးခဲ့သလို မိမိတို့ဘက်ကလည်း ရဲဘော်တဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ကိုမာန်ဟုန်က ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကိုတော့ Danger Force LPDF၊ ကြယ်နီတပ်ဦး၊ ပင်လယ်ပျော်သိမ်းငှက်(SF2)၊ People’s Revolution Force (PRF)၊ တမန်တော်ပျောက်ကြားတပ်ဖွဲ့ (APOSTLE) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကလည်း အရာတော်မြို့နယ်၊ သစ်ကြင်းကြီးတပ်စခန်းကို Droneနဲ့ (၄) ကြိမ်၊ ရှော့ဒုန်းနဲ့(၃) ကြိမ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား (၂) ဦးသေဆုံးပြီး (၂) ဦး အပြင်းအထန်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။