မီးရှို့ခံလိုက်ရတဲ့ ရွာကို KLG PDF က ဆန်နဲ့ဆီထောက်ပံ့

0 3
0 3

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တဲ့ နတ်လဘို့ရွာက ဒေသခံတွေအတွက် ဆန်နဲ့ဆီတွေကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်မှာ သွားရောက်ထောက်ပံ့ခဲ့ပါတယ်။

“ဒီနေ့နေ့လည် ၁ နာရီလောက်က နတ်လဘို့မြောက်ရွာကို သွားရောက်ထောက်ပံ့ခဲ့တာ၊ စစ်ကောင်စီတပ်က မီးရှို့သွားတဲ့နတ်လဘို့ရွာက အိမ်ခြေ ၁၀၀ အတွက် ဆန်တင်း ၂၀ ကျော် နဲ့ ဆီပုံး ၇ ပုံးကို သွားရောက်ထောက်ပံ့ပေးခဲ့တာ” လို့ ကျောက်လုံးကြီး KLG တပ်မဟာ ရဲဘော်တဦးက ပြောပါတယ်။

နတ်လဘို့ရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေ့က မုံရွာ နမခ တပ်က စစ်သားတွေကမီးရှို့သွားတာလို့ သိရပါတယ်။

နတ်လဘို့ရွာမှာ လက်ရှိလူဦးရေ ၁၀၀ ကျော်ရှိပြီး တချို့က တခြားဒေသမှာ စစ်ဘေးရှောင်နေရကာ ‌လက်ရှိမှာ ထောက်ပံ့မှုနည်းနေပြီး စားဖို့နဲ့ အနွေးထည်စောင်ကအစ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။