myaelatt athan

Sharing Information to the Local

ရေကြီးနေတဲ့ပဲခူးမှာ နေအိမ်တွင်းအိပ်ကျန်ခဲ့တဲ့ အသက် ၁ နှစ်ခွဲကလေး ရေနစ်သေဆုံး

ပဲခူး၊ ဇူလိုင် ၃၊ ၂၀၂၅။

ရေကြီး၊ ရေလျှံမှုတွေဖြစ်နေတဲ့ ပဲခူးမြို့မှာ နေအိမ်အတွင်းအိပ်ကျန်ခဲ့တဲ့ အသက် ၁ နှစ်ခွဲကလေး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဇူလိုင် ၃ ရက် ဒီကနေ့ မနက် ၆ နာရီခန့်က ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်တခုဖြစ်တဲ့ ဇိုင်းတောင်ရပ်ကွက်၊ မင်္ဂလာလမ်း၊ သာမဏေကျော်ဘုန်းကြီး ကျောင်းအနီး နေအိမ်တခုရဲ့ ရေအမြင့် ၂ ပေ ကျော်ရှိ နေအိမ်အောက်ကိုဝင်ရောက်နေတဲ့ရေထဲမှာ အသက် ၁ နှစ်ခွဲအရွယ်သားဖြစ်သူကို ဖခင်ဖြစ်သူက သေဆုံးလျက်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ပုံစာ – ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်နေအိမ်တွေအတွင်းရေဝင်ရောက်နေတာကို ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။

” မနက် ၄ နာရီလောက် မိဘတွေက စျေးသွားတယ်။ ကလေးတွေကအိပ်ပျော်နေလို့ထားခဲ့တာ။ အိပ်ယာနိုးတော့ မအေကိုမတွေ့တော့ ဆင်းရှာတာ။ (အဖေဖြစ်သူ) ပြန်လာတော့ပေါလောပေါ်နေတယ်။ ရေဝင်နေ တဲ့ရပ်ကွက်တွေ၊ သူခြံထဲမှာရေကဒူးခေါင်းကျော်ရှိတာ”လို့ ဖြစ်စဥ်ကိုသိရှိတဲ့ပဲခူးမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရေနစ်သေဆုံးသွားတဲ့ကလေးငယ်ကို ဒီကနေ့ နေ့လယ် ၁ နာရီခန့်မှာပဲ ပဲခူးမြို့၊ ဆင်ဖြူကွင်းသုသာန်မှာ သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

ပုံစာ – ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်နေအိမ်တွေအတွင်းရေဝင်ရောက်နေတာကို ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။
ပုံစာ – ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်နေအိမ်တွေအတွင်းရေဝင်ရောက်နေတာကို ဇူလိုင်လ ၂ ရက်နေ့က တွေ့ရစဉ်။

ပဲခူးမြစ်ရေမြင့်တက်လာမှုကြောင့် ဇူလိုင် ၁ ရက်ကစတင်ကာ ပဲခူးမြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဇိုင်းတောင်၊ မြို့သစ်၊ ကျောက်ကြီး၊ ကျွန်းသာယာ၊ ကလျာဏီရပ်ကွက်တွေမှာ ရေဝင်ရောက်နေပြီး ကမ်းနဲ့နီးတဲ့အနိမ့်ပိုင်းတွေမှာ ရေအမြင့် ၄ ပေကျော်အထိ ဝင်ရောက်နေတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။