ခလရ ၂၅၆ ကိုပို့မယ့်ရိက္ခာကားကို ရေစကြိုပကဖ ဖမ်းဆီး

0 67
0 67

ရေစကြို၊ ဇူလိုင် ၂၊ ၂၀၂၅။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခုက္ကူ-ရေစကြိုကားလမ်းပိုင်းမှာ ခလရ ၂၅၆ တပ်ရင်းကိုပို့မယ့် ရိက္ခာတင်ကား ၁ စီးကို ဖမ်းဆီးခဲ့တယ်လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကနေ ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ကိုပို့မယ့် ရိက္ခာတင် မှန်လုံကားကို ဇူလိုင် ၂ ရက် မနက် ၉ နာရီမှာဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

“ရေစကြို-ပခုက္ကူကားလမ်းမပေါ် တနေရာမှာ ကျနော်တို့ ရှောင်တခင်စစ်ဆေးရင်းနဲ့ ပခုက္ကူတပ်မ ၁၀၁ ကနေ ခလရ ၂၅၆ တပ်ထဲကိုပို့မဲ့ရိက္ခာတွေကို ဖမ်းဆီးမိခဲ့တာ၊ ဖမ်းဆီးမိတာက ရေစကြိုမြို့ ပခုက္ကူ-ရေစကြိုကားလမ်းတနေရာမှာပါ”လို့ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကားပေါ်မှာပါတဲ့ ဆန် ၃၅ အိတ်၊ စားဆုံးဆီ ၁၄ ပုံး၊ စက်သုံးဆီ ၇ ပုံး၊ ဆား ၁ အိတ်၊ ဟင်းချိုမှုန့် ၁ အိတ်တို့ကိုသိမ်းဆည်းထားပြီး ကားမောင်းနဲ့ယာဥ်နောက်လိုက်ကိုတော့ စစ်ဆေးနေတယ်လို့ သူကဆက်ပြောပါတယ်။

ခလရ တပ်ထဲကို ပို့မယ်ဆိုတာကို ရှောင်တခင်စစ်ဆေးချိန် ပြေစာထဲမှာတွေ့ရတဲ့ အချက်အလက်တွေအရ အတည်ပြုနိုင်တာလို့လည်း ဆိုပါတယ်။

ခုလိုစစ်ကောင်စီတပ်တွေဆီပို့မယ့် ရိက္ခာကားတွေကို ဖမ်းမိတာ ၄ ကြိမ်ထက်မနည်းရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၄ ရက်ကလည်း ရေစကြို ခလရ ၂၅၇ တပ်ထဲကနေ ဇီးတောရွာ ပျူစောထီးတွေဆီပို့မဲ့ရိက္ခာကား ၁ စီးကိုလည်း ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့က ရေစကြိုမြို့နယ်အတွင်းမှာ ဖမ်းဆီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။