myaelatt athan

Sharing Information to the Local

တိုက်ပွဲနားချိန်တွေမှာ ထိန်းချုပ်နယ်မြေအတွင်း ဆေးခန်းဖွင့်ကုသပေးနေ

0 5
0 5

ပခုက္ကူ၊ ဖေဖော်ဝါရီ ၁၅၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက်အဖွဲ့တခုဖြစ်တဲ့ ပခုက္ကူခရိုင်တပ်ရင်းအမှတ် ၁၆၊ တပ်ခွဲ-၁ရဲ့ ထိန်းချုပ်နယ်မြေထဲမှာ တိုက်ပွဲနားချိန်တွေဆို ပြည်သူတွေကို ဆေးကုသပေးတယ်လို့ သိရပါတယ်။

တပ်တွင်းဆေးခန်းလေးကို ၂၀၂၂ ခုနှစ် ၈ လပိုင်း၊ ၂၁ ရက်နေ့က ဖွင့်လှစ်ခဲ့ကာ အသေးစားလူနာတွေကနေ မွေးလူနာတွေထိကုသပေးနိုင်အောင် ကြိုးစားစီစဉ်ထားပြီး၊ ရွာထဲထိဆင်းကာ ကုသပေးတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

“ဒီနေ့ဆို မနက်ထဲကဖွင့်တာ ခုချိန်ထိ မပိတ်ရသေးဘူး။ တပ်ရင်းရုံးမှာ တခုပဲဖွင့်ထားပြီး ရွာတွေကိုပတ်ပြီး ကုပေးတယ်။ ကျတော်တို့က စစ်တပ်တခုလို ဖွဲ့စည်းထားတော့ ပြည်သူတွေက အထဲကိုလာမပြရဲဘူး။ အဲ့တော့ ရွာတွေပတ်ကုပေးတယ်။” လို့ Pakokku Generation Z အဖွဲ့ တပ်ရင်းမှူးက ပြောပါတယ်။

ဆေးခန်းက ပြည်သူလှူတန်းငွေနဲ့ပဲ လည်ပတ်နေတာဖြစ်တဲ့အတွက် ဆေးဝါး ပြန်လည်ဝယ်ယူချိန်ဆို သိန်း ၂၀၊ ၃၀ ထိကုန်ကျကာ ငွေကြေးအခက်ခဲဖြစ်ပြီး တပ်ရင်းအတွက် သုံးရမယ့်အသုံးစရိတ်ကိုဖဲ့ကာ ဆေးခန်း ဆေးပြတ်လပ်မှုမရှိအောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

စခန်းစတင်ဖွဲ့စည်းချိန်တုန်းက လေ့ကျင့်ရေးဒဏ်ကြောင့် ရဲဘော်တွေဖျားနာတာတွေဖြစ်နေလို့ ကုသဖို့အတွက် ဆေးခန်းစတင်ဖွင့်ဖြစ်ခဲ့ပြီး၊ ‌နောက်ပိုင်းတွေမှာ ကျေးရွာပြည်သူတွေအတွက်ပါ ထပ်တိုးကုသမှုတွေ လုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ပွဲနားချိန်ဆို တပ်ရင်းအထိုင်ဆေးခန်းသာမက၊ ရွာထဲထိပါဆင်းပြီး ဆေးခန်းဖွင့်ပေးထားနိုင်ပေမယ့်၊ တိုက်ပွဲတွေရှိနေချိန်ဆိုရင်တော့ တပ်ရင်းထဲမှာပဲ အထိုင်ဆေးခန်း ဖွင့်ထားပေးတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။