ချောက်မြို့နယ်မှာ စစ်ကြောင်းဝင်နေလို့ ဒေသခံ ၅,၀၀၀ ကျော် တိမ်းရှောင်နေရ

0 16
0 16

ချောက် ၊ ဇွန် ၂၈၊ ၂၀၂၅။

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေလို့ ဒေသခံ ၅,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ချောက်မြို့ခံတွေဆီက သိရပါတယ်။

စလေ ခမရ ၄၁၆ တပ်က အင်အား ၇၀ ပါစစ်ကြောင်း ၂ ကြောင်းဟာ မေ ၂၈ ရက်၊ ဒီနေ့ မနက် ၇ နာရီခွဲမှာ ချောက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာလို့ သိရပါတယ်။

စစ်ကြောင်း‌တွေနဲ့နီးတဲ့ ကံဆောင်ရွာ၊ ထောက်ရှည်ကန်ရွာ၊ ဥယျာဉ်ရွာ၊ ညောင်ကွရွာ၊ သစ်ချိုကုန်းရွာ၊ ကျောက်စုရွာ၊ လွင်ကြယ်ထိန်ကန်ရွာ၊ မင်းကန်ရွာ၊ ခပေါင်းတဲရွာ၊ ကြိတ်စုရွာ၊ ဇောင်းတော်ကန်ရွာ တွေက ဒေသခံ ၅,၀၀၀ ကျော် တိမ်းရှောင်‌နေရတာလို့ သိရပါတယ်။

“သူတို့ မြို့နယ်မှူးဆိုလား၊ စခန်းမှူးဆိုလား မြစ်အနောက်ဘက်ကနေ လာဖို့ရာအတွက်ကို လုံခြုံရေးကင်းယူတာလိုလို ဒါမှမဟုတ် သူတို့တခြား ဘာသတင်းရလို့လည်းတော့ မသိဘူး။အဲ့ဒါကို အခုအချိန်မှာ စစ်‌ကြောင်း ၂ ကြောင်းခွဲပြီးတော့ လာကြတယ်လို့ပဲ ကျွန်တော်တို့ထင်မိတာပဲဗျ”လို့ ဒေသခံတဦး က ပြောပါတယ်။

စစ်ကြောင်းတွေဟာ စလေတပ်ထဲကနေ ၁ ကြောင်းလာပြီး ရှင်ပင်စာကြိုဘုရားဘက်က ၁ ကြောင်းလာတယ်လို့ သိရပါတယ်။

ဒီနေ့ နေ့လည်ခင်းအထိတော့ ဒီစစ်ကြောင်းတွေဟာ ကျေးရွာတွေထဲ ကို ဝင်ရောက်ခြင်းမရှိသေးဘဲ တောင်သာလမ်းခွဲမှာ လုံခြုံရေး ယူထားတာကို တွေ့ရတယ်လို့လည်းဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်ကလည်း စလေ ခမရ ၄၁၆ တပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ချောက်မြို့နယ်၊ လွန်ကြယ်ထိန်ကန်ရွာကို ဝင်ရောက် မီးရှို့ကာ ပစ္စည်းတွေယူခဲ့သလို နွားတွေကိုပါသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – ဆောင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။