myaelatt athan

Sharing Information to the Local

လူမှုကူညီအသင်းကား ပစ်ခတ်ခံရလို့ ယာဥ်မောင်းဖြစ်သူဒဏ်ရာရ

0 1
0 1

မန္တလေး၊ ဖေဖော်ဝါရီ ၁၄၊ ၂၀၂၃။

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လက်ကောင်းကြီးကျေးရွာအုပ်စု၊ ကန်ဖြူကျေးရွာအနီးမှာ လူမှုကူညီရေးအသင်းကားပစ်ခတ်ခံရပြီး ယာဥ်မောင်းဖြစ်သူဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်မနက် ၁ နာရီခန့်မှာ စဥ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာ၊ လူမှုကူညီရေးအသင်းပိုင်ယာဥ်ဟာ လက်ပန်လှကျေးရွာက မွေးလူနာအမျိုးသမီးကို မန္တလေးဆေးရုံကိုပို့ပြီးပြန်အလာ ကန်ဖြူကျေးရွာအနီး မန္တလေး-မိုးကုတ်ကားလမ်း၊ သန့်ဇင်စက်သုံးဆီဆိုင် အနီးအရောက်မှာပစ်ခတ်ခံရတာဖြစ်တယ်လို့ အသင်းတာဝန်ရှိသူကပြောပါတယ်။

“အသင်းပိုင်ယာဥ် ပစ်ခံရတာကဟုတ်ပါတယ်။ အသင်းကားက လူနာပို့ပြီးပြန်လာချိန် ပစ်ခတ်မှုဖြစ်နေတဲ့ နေရာကိုရောက်ပြီး မှားယွင်းပစ်ခံရတာဖြစ်ပါတယ်။ ဖြစ်တဲ့အချိန်က မှောင်လဲမှောင်နေတာဆိုတော့ ဘယ်သူဘယ်ဝါပစ်တယ်ဆိုတာ သေချာပြောလို့မရပါဘူး။ ကျနော်တို့ဘက်က ဒီလမ်းကြောင်းပေါ်သွားလာနေတာဖြစ်လို့ အသင်းအတွက်လဲ အန္တရာယ်ရှိပါတယ်။ ဒဏ်ရာရတာက ယာဥ်မောင်း ၁ ဦးတည်းပါ” လို့ ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့တခုက ပစ်ခတ်လိုက်တဲ့ကျည်တွေကြောင့် ယာဥ်မောင်းဖြစ်သူ ဦးအောင်မြင့်ဆန်း၊ ၅၆ နှစ်ဟာ ယာလက်မောင်းကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအပြင်ကားရဲ့ ရှေ့လေကာမှန်၊ နောက်မှန်၊ ယာဥ်နောက်ပိုင်း၊ ယာဥ်ယာဘက်ဘီး၊ ယာဥ် ယာဘက်တံခါး၊ ယာဘက်နောက်ကြည့်မှန်​တွေမှာ ကျည် ၁၆ ချက်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
သေနတ်ဒဏ်ရာရရှိခဲ့တဲ့ ယာဥ်မောင်းဖြစ်သူကိုတော့ မတ္တရာဆေးရုံမှာ တင်ပို့ဆေးကုသနေရပြီး အခြေနေသက်သာကောင်းမွန်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။