myaelatt athan

Sharing Information to the Local

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ အမျိုးသမီး ၂ ဦးပစ္စတိုတွေနဲ့ဖမ်းခံရ

ဝေါ၊ ဇွန် ၂၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ညောင်ခါးရှည် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ အမျိုးသမီး ၂ ဦး ပစ္စတိုသေနတ်တွေနဲ့အတူ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန် ၂၇ ရက်ညနေ ၃ နာရီကျော်ခန့်မှာ ကျိုက်ထိုဘက်ကနေ ဝေါဘက်ခြမ်းကိုမောင်းလာတဲ့ တက္ကစီ ယာဥ် ၁ စီးကို စစ်ဆေးရေးဂိတ်အရောက် x-ray စက်ကိုဖြတ်ခိုင်းပြီးစစ်ဆေးရာ ကားထဲမှာလက်နက် တွေတွေ့ပြီး ဖမ်းခံရတာလို့ ဆိုပါတယ်။

“အမျိုးသမီးနှစ်ယောက်က ကယ်ရီသယ်လာတာတဲ့။ ရန်ကုန်အရောက်ပို့ရမှာ ဘုရားသုံးဆူကနေ သယ်လာတာ။ ၁ လက်သယ်ခ ဘတ် ၆,၅၀၀ ရတယ်။ သူတို့ကိုယ်တိုင် အရောင်းအဝယ်လုပ်တာ ဖြစ်မယ်။ “လို့ ဖြစ်စဥ်ကိုသိရှိတဲ့ဒေသခံတဦးက ပြောပါတယ်။

လက်နက်သယ်ဆောင်လာသူ အသက် ၄၀ ကျော်အရွယ်နဲ့ ၂၀ ကျော်အရွယ် အမျိုးသမီး ၂ ဦး၊ တက္ကစီယာဥ်မောင်း ဇော်မင်းအောင်တို့ကိုတော့ စစ်ကောင်စီဘက်က ချက်ချင်းဖမ်းဆီးပြီး ဝေါမြို့မရဲစခန်းဘက်ကို ခေါ်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်တွေမှာတော့ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ တက္ကစီယာဥ်ကို စစ်ဆေးရာမှာ ပစ္စတိုသေနတ် ၁၉ လက်၊ ကျည်အိမ် ၃၈ ခုနဲ့ ကျည်အများအပြားကို ဖမ်းမိထားတယ်ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၂ ရက်ကလည်း ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်မောင်းနှင်လာသူ ၁ ဦးကိုလည်း ဆိုင်ကယ်ကာဗာတွေအောက်မှာသယ်ဆောင်လာတဲ့ ပစ္စတိုသေနတ် ၈ လက်၊ ကျည်ဆံတွေ့ပြီး စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပါသေးတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။