ကျွန်းလှမှာ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြ

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၃၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်က ဒေသခံတွေ၊ ကျွန်းလှမြို့နယ် အထွေထွေသပိတ်ကော်မတီ၊ CDM ဝန်ထမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ပူးပေါင်းပြီး ဒီနေ့ဖေဖော်ဝါရီလ ၁၃ ရက်မှာစစ်ကောင်စီကို ဆန့်ကျင်ကြောင်း စုပေါင်းဆန္ဒပြခဲ့ပါတယ်။

“ဒီနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာကျရောက်တဲ့ ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်အဖြစ် ကျွန်းလှမြို့ သဖန်း ဆိပ်ဆည်အနောက်ခြမ်း ပြောင်သွယ်ချောင်းရိုးတလျှောက် ကျေးရွာတွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့သလို လူထုစည်းရုံးရေးဟောပြောပွဲတွေပါ ပြုလုပ်ခဲ့တာပါ။ အင်အား ၂၀၀ နီးပါးလောက်ရှိတယ်”လို့ သပိတ်အဖွဲ့ဝင်ဒေသခံတဦးက ပြောပါတယ်။

“ဆောင်းကျွတ်ပေမယ့် ဒေါင်းခွပ်တာရပ်မသွားဘူး၊ အောင်လံလွှင့်ဖို့ ပြင်ထားကြ ” “ဖက်စစ်ရွေးကောက်ပွဲသပိတ်မှောက်၊ ဖက်ဒရယ်လမ်းကို ရဲရဲလျှောက် “ အစရှိတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြတာပါ။

ချီတက်ဆန္ဒပြပြီးနောက် သပိတ်ကော်မတီအဖွဲ့ဝင်၊ CDM ပြည်သူ့ဝန်ထမ်းတွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ တော်လှန်ရေးနဲ့နိုင်ငံရေးသဘောတရားတွေကို စုပေါင်းဟောပြော တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။