myaelatt athan

Sharing Information to the Local

မိုင်းပေါက်ကွဲတဲ့ ပျူခေါင်းဆောင်အိမ်ကို လာစစ်တဲ့စစ်အုပ်စု မိုင်းခွဲခံရလို့သေဆုံးမှုရှိနိုင်

0 0
0 0

မကွေး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။

မကွေးတိုင်း၊ မြိုင်မြို့‌၊ အမှတ် ၁ ရပ်ကွက်ရှိ ပျူစောထီးခေါင်းဆောင်နေအိမ်ကို ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းထောင်ခွဲခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုကိုလာစစ်ဆေးတဲ့ စစ်သားနဲ့ပျူစောထီးအဖွဲ့တွေကိုပါ လက်ကျန်မိုင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပျူခေါင်းဆောင် ကိုထိန်လင်းရဲ့နေအိမ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်ဒီမနက် ၃ နာရီလောက်မှာ ဖောက်ခွဲခဲ့ပြီးနောက် ညနေ ၃ နာရီလောက်မှ စစ်ဆေးဖို့လာတဲ့ စစ်သားနဲ့ပျူ ၈ ဦးဝန်းကျင်ကို ထပ်မံတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ် ဗိုလ်လက်ယာက ပြောပါတယ်။

“ကျနော်တို့ လွန်ခဲ့တဲ့ ၂ ရက်က မြိုင်မြို့ပေါ် အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ ပျူစောထီးခေါင်းဆောင်နေအိမ်ကို မိုင်း ၂ လုံးထောင်ထားခဲ့တာ၊ ဒီနေ့မနက် ၃ နာရီ ၄၅ မိနစ်မှာ ဟန်ပြ ၁ လုံးခွဲလိုက်တယ်၊ မိုင်းပေါက်ကွဲပြီး ဒီနေ့ညနေ ၃ နာရီ ၁၅ မိနစ်မှာ စစ်သားနဲ့ပျူတွေ လာစစ်တဲ့အချိန် ထပ်ခွဲလိုက်တယ်၊ မိုင်းပေါက်ကွဲပြီး စစ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ဒီထိခိုက်သေဆုံးမှုတွေကို ဒေသခံတွေရဲ့ပြောပြချက်အရ အတည်ပြုနိုင်ခဲ့တယ်လို့ ကာကွယ်ရေးရဲဘော်တွေက ဆိုပေမယ့် မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်ရှိအချိန်ထိ ပျူခေါင်းဆောင် ကိုထိန်လင်းရဲ့နေအိမ်မှာစစ်ကောင်စီတပ်တွေရှိနေပြီး ဘေးပတ်ဝန်းကျင်က နေအိမ်အချို့ကိုလည်း မီးရှို့နေတယ်လို့ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၁ ရက်ကလည်း ပခုက္ကူခရိုင်၊ မြစ်ခြေ စစ်ကောင်စီမွေးမြူရေးတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင်မြို့နယ်အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ၇ ဦးသေဆုံးပြီး ၃ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။