myaelatt athan

Sharing Information to the Local

တိုက်ခိုက်ခံရတဲ့ တိရစ္ဆာန်​မွေးမြူရေးနဲ့လေ့ကျင့်ရေးတပ်က အင်အားဖြည့်တင်းပြီး ကျေးရွာတွေကိုမီးဝင်ရှို့နေ

0 1
0 1

မကွေး၊ ဖေဖော်ဝါရီ ၁၂၊ ၂၀၂၃။

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က PDFတွေဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တိရစ္ဆာန်မွေးမြူရေးနဲ့လေ့ကျင့်ရေးတပ်က စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီ ၁၂ ရက်မနက် ၆ နာရီမှာ ကျေးရွာတွေကို တရွာဝင်တရွာထွက်လိုက်လံမီးရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်းအား ၃၀ ခန့်ပါစစ်ကောင်စီတပ်သားတွေက စံပြကျေးရွာက လူနေအိမ် ၈၀ ကျော်ကိုမီးရှို့တဲ့ အပြင် ရေချိုရွာသစ်ကျေးရွာကိုလည်း ဝင်ရောက်မီးရှို့နေတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ဒီစကစတွေက မနေ့ကPDFတိုက်ခိုက်တဲ့အခါ လွတ်မြောက်သွားတဲ့ကောင်တွေပါ။ မနေ့က ဘုန်းကြီးကျောင်းမှာ ညအိပ်စားသောက်ပြီးတော့ မိုးလင်းတာနဲ့မီးရှို့တာ။ အခုတရွာပြီး၊တရွာ ရှို့နေပါတယ်” လို့ဆိုပါတယ်။

စံပြရွာနဲ့ရေချိုကျေးရွာတို့မှာ တိရစ္ဆာန်မွေးမြူရေးနဲ့လေ့ကျင့်ရေးတပ် နဲ့ ၃ မိုင်ခန့်သာကွာဝေးပြီး ဆယ်လံရွာ၊ အိုင်ကြီးကျေးရွာတို့ကိုလည်း ဆက်လက်ဝင်ရောက်မီးရှို့မယ့်အခြေအနေရှိ နေတယ်လို့ အထက်ပါဒေသခံကပြောပါတယ်။

“အခုမီးရှို့ခံရတဲ့ရွာတွေက အရင်ကလည်း စစ်ကြောင်းထိုးလာတိုင်း ရွာမှာရှိတဲ့ ကြက်၊ဝက်၊သိုး၊ဆိတ်၊နွားတွေကို ဖမ်းဆီး သတ်ဖြတ်စားသောက်ယူငင်သွားကြပါတယ်။ အရင်ကစစ်ကြောင်း သုံးခါထိုးပြီး ခုအကြိမ်နဲ့ဆို လေးခါမြောက်ပါ”လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်မနေ့က အဆိုပါတပ်ကို ပခုက္ကူအခြေစိုက် မဟာမိတ်တပ်ပေါင်းစုဒေသကာကွယ်ရေးတပ်(MCKCPDF)မှ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ၁၂ ရွာမှဒေသခံ ၂သောင်းခန့် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာလည်း အရာရှိ ၂ ဦးအပါ ၇ ဦးသေဆုံးပြီး ၃ ဦးအရှင်ဖမ်းမိကာ လက်နက်အချို့သိမ်းဆည်းနိုင်ခဲ့တယ်လို့ မြိုင် PDF တာဝန်ခံ ဗိုလ် Cross က မြေလတ်အသံကို မနေ့က ပြောဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။