myaelatt athan

Sharing Information to the Local

ဒါကျက်ဒါဖြေ စနစ်နဲ့ အတန်းတင်စာမေးပွဲ ဖြေခိုင်းလို့ မိဘအချို့ ကျေနပ်မှုမရှိ

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်က စာသင်ကျောင်းမှာ ကျောင်းသားတွေကို အတန်းတင်စာမေးပွဲအတွက် ဒါကျက် ဒါဖြေ စနစ်နဲ့ ဖြေဆိုခိုင်းတယ်လို့ ကျောင်းသားမိဘတဦးထံမှ သိရပါတယ်။

ပဲခူးမြို့ အ.ထ.က(၁) စာသင်ကျောင်းက ဆရာတွေဟာ အတန်းတင်စာမေးပွဲမှာ ပါဝင်မဲ့စာများကိုသာ ကျောင်းသားတွေကို ကျက်ခိုင်းပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်မှာပဲ ၃ တန်းကနေ ၆ တန်းအထိ အတန်းတင်စာမေးပွဲကို ဖြေခိုင်းခဲ့တယ်လို့ ပဲခူးမြို့ပေါ် ကျောင်းသားမိဘတဦးက ပြောပါတယ်။

“ဆရာမတွေက ဒါကျက်ဒါဖြေပဲ လုပ်တယ်။ A ခန်းဆရာမက သူ့အခန်း A ခန်းကိုပဲ‌ စောင့်ရတယ်။ အရင်တုန်းကလို အခန်းပြောင်း မစောင့်ရဘူး။ ပထမရက်မှာ ဖြေတဲ့စာကို ‌အဲနေ့မှာပဲ ပြီးအောင်စစ်တယ်။ စာဖြေပြီးလို့ အချိန်ကုန်သွားရင်လည်း ကလေးတွေကို ပေးမပြန်ဘူး။ ကျောင်းဆင်းချိန်မှ ပေးပြန်တယ်” လို့ ဆိုပါတယ်။

ကျောင်းသားမိဘ တချို့ကလည်း သူတို့ရဲ့ သားသမီးတွေကို ကျောင်းမထားချင်ပေမဲ့လည်း ဘေးပတ်ဝန်ကျင်နဲ့ ဆရာမတွေက စစ်ကောင်စီကို တိုင်ကြားတဲ့အတွက် ကျောင်းထားရခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။

“ကလေးတွေရဲ့ ပညာရေးက စစ်ကျွန်ပညာရေးဗဟုသုတနဲ့ အသိဉာဏ်ယှဉ်ဖြေရတဲ့ အရည်အချင်းရှိ စာမေးပွဲမျိုး မဟုတ်ဘူး။ ကျောင်းမထားရင် ဘာလုပ်မယ် ညာလုပ်မယ် ခြိမ်းခြောက်လို့သာ ထားရတာ။ ကလေးတွေရဲ့ အသက်အန္တရာယ်လည်းများတယ်။ အခုဆိုရင် ခွေးတွေက လုံခြုံရေး ယူပေးနေတာ မဟုတ်ဘူး။ ကလေးတွေက သူတို့ကို လုံခြုံရေး ယူပေးနေရတာ” လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး ၆ လအကြာမှာပဲ စစ်ကောင်စီတပ်ဖွဲ့တွေက ပဲခူး အ.ထ.က (၁) စာသင်ကျောင်းနားမှာ စခန်းချနေထိုင်ခဲ့တာဟာ အခုချိန်ထိ ဖြစ်ပါတယ်။

စာသင်ကျောင်းရဲ့ ဘေးပတ်ပတ်လည်မှာလည်း ပညာရေးမှူးရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ တရားရုံးတို့ ရှိနေတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ နေ့တိုင်းနီးပါး ဂိတ်ချထားပြီး လုံခြုံရေး ယူပေးရတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။