myaelatt athan

Sharing Information to the Local

မိတ္ထီလာမှာ ကြိုးဆွဲချ သေဆုံးမှု ၃ ရက်ဆက်ဖြစ်ခဲ့

0 5
0 5

မန္တလေး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်မှာ ၃ ရက်အတွင်း အမျိုးသား ၃ ဦး ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ ပြည်သာယာလူမှုကူညီရေးအသင်း – မိတ္ထီလာဆီက သိရပါတယ်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက် ၁ ခုနဲ့ ကျေးရွာ ၂ ရွာမှာ ဖေဖေါ်ဝါရီလ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“အခုနှစ် ဖေဖေါ်ဝါရီလ ၇ ရက်က မုန်တိုင်ရွာ၊ ၈ ရက်နေ့က ဝန်ဇင်းရပ်ကွက်၊ စိတ္တသုခလမ်း နဲ့ ၉ ရက်နေ့မှာ တောမအုပ်စု၊ ထမုန်ကန်ရွာတွေမှာ ဖြစ်ပွားတာပါ။ အားလုံးက အသက် ၃၀ အရွယ် အမျိုးသားတွေ ဖြစ်ပါတယ်။ သူတို့အလုပ်အကိုင်တွေကိုတော့ မသိရပါဘူး။ အခုနှစ်အတွင်းမှာ ကြိုးဆွဲချသေဆုံးမှု ၃ မှု ဖြစ်ပွားတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

ထမုန်ကန်ရွာက အမျိုးသားဟာ ယာတောအနီးက သစ်ပင်မှာ ကြိုးဆွဲချခဲ့တာ ဖြစ်ပြီး၊ ဝန်ဇင်းရပ်ကွက်က အမျိုးသားကတော့ နေအိမ်ထုတ်တန်းကို အသုံးပြုခဲ့တာ ဖြစ်သလို မုန်တိုင်ရွာက အမျိုးသားက တဲငယ်တလုံးအတွင်းမှာ ကြိုးဆွဲချခဲ့တာလို့သာ သိရပြီး သူတို့ ၃ ဦး သေဆုံးရတဲ့ အသေးစိတ်အချက်အလက်ကိုတော့ မသိရှိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၉ ရက်ကလည်း မိတ္ထီလာမြို့၊ အောင်ဆန်းမြို့သစ်က အမျိုးသားလူငယ်တဦးနဲ့ နိုဝင်ဘာလ ၁၀ ရက်မှာ မုန်တိုင်ရွာက အမျိုးသားတဦးတို့ ကြိုးဆွဲချ သေဆုံးခဲ့ပါသေးတယ်။

ဒါ့အပြင် ၁ နှစ်အတွင်း ခုလိုကြိုးဆွဲချမှု ၇ ကြိမ် ဖြစ်ခဲ့ပြီး အဲ့ဒီထဲမှာ ၁၃ နှစ်အရွယ် အမျိုးသမီးငယ်တဦးလည်း ပါဝင်ပါတယ်။

မိတ္ထီလာမြို့နယ်က ကြိုးဆွဲချသေဆုံးသူတွေဟာ ကျေးလက်တောရွာမှာ နေထိုင်သူ အများစုဖြစ်ပြီး အားလုံးဟာ အခြေခံလူတန်းစားတွေ ဖြစ်တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။