PDF အမည်ခံပြီး စစ်ကောင်စီက ခြိမ်းခြောက်စာပို့ ငွေတောင်း၊ ပေးမိတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီး

0 4
0 4

မန္တလေး၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

မန္တလေးမြို့နယ်နဲ့ မြို့တွေမှာ PDF အမည်ခံပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူတွေဆီ စာပို့ခြိမ်းခြောက်ပြီး ငွေကောက်ခံတဲ့အပြင် ၊ ငွေကြေးပေးမိတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးတယ်လို့ Myitnge PDF တပ်ဖွဲ့ဝင်ထံက သိရပါတယ်။

စစ်ကောင်စီဟာ Myitnge PDF လို့ နာမည်ခံပြီး မန္တလေးမြို့နယ်ထဲမှာနေတဲ့ ကုန်စုံဆိုင်တချို့ နဲ့ စီးပွားရေးလုပ်ငန်းရှင်တချို့ရဲ့ နေအိမ်တွေကို စာပို့ခြိမ်းခြောက်ပြီး အလှူငွေတွေ ကောက်ခံနေတာ တလနီးပါးရှိပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့တွေ့က တအိမ်ကို ဘယ်လောက်ပေးရမလဲဆိုတာ စာထဲမှာ ရေးထားတယ်။ တကယ်လို့ သူတို့ကောက်ခံတာကို မပေးရင် စကစတွေနဲ့ တတန်းထဲထားပြီး ပြုလုပ်မှာဖြစ်ကြောင်းနဲ့ ငွေကြေးပေးတဲ့သူတွေကိုလည်း ထောက်ပို့ဆိုပြီး ဖမ်းဆီးတာတွေလုပ်တယ်” လို့ Myitnge PDF မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Myitnge PDF မြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့လည်း အခုလိုနာမည်ကို အလွှဲသုံးစားလုပ်ပြီး ငွေကြေးကောက်ခံနေတဲ့ တပ်ဖွဲ့ကို ဖမ်းဆီးဖို့ စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။

“အခုချိန်ထိတော့ စုံစမ်းနေတုန်းပါပဲ။ အခုလို ကျတော်တို့တပ်ဖွဲ့နာမည်ကို သုံးပြီး လုပ်နေတာကတော့ အဆင်မပြေဘူး။ ပြည်သူတွေကလည်း အခုဆိုကြောက်လန့်နေရတယ်” လို့ တပ်ဖွဲ့ဝင်က ဆိုပါတယ်။

အခုလို ငွေကြေးလိမ်လည်ကောက်ခံနေတာနဲ့ ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ မြို့နယ် ( ပကဖ ) များ၊ သပိတ်အဖွဲ့အစည်းများ၊ UG နဲ့ LPDF အဖွဲ့များက(လုံး၀ လုံး၀) မပြုလုပ်ပါကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။