myaelatt athan

Sharing Information to the Local

စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကောလင်းမြို့ခံ ၄ ဦး ဒဏ်ရာရ

0 0
0 0

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလ ၈ ရက်ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရရှိသူတွေမှာ ကျော်ဇေယျရပ်ကွက်မှ တအိမ်တည်းနေသူ အမေ ဒေါ်စန်းမြင့် ၅၆ နှစ်၊ သားဖြစ်သူ ဦးဖိုးထူး ၃၀ နှစ်၊ မြေးဖြစ်သူ မောင်မင်းမင်းနွှဲ့ ၇ နှစ်နဲ့ ပြင်ဦးလွင်ရပ်ကွက်မှ ဦးထင်ကျော် ၅၀ နှစ် တို့ဖြစ်ကြတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“အမေမှာက ဦးခေါင်းကို ထိတယ်။ သားမှာ ကျောကုန်း ထိတယ်။ မြေးမှာတော့ ပေါင်တဘက် ထိတယ်။ ဦးထင်ကျော်မှာတော့ မသိရသေးဘူး။ သူတို့အကုန်းလုံးကတော့ ဆေးကုသမှု ခံယူလိုက်ကြပြီဖြစ်လို့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါ” လို့ ဆိုပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသွားသူ ၄ ဦးအနေနဲ့ ပုဂ္ဂလိက ဆေးခန်းတခုမှာ ဆေးကုသမှုခံယူပြီး မိမိတို့နေအိမ်ကို ပြန်လည်ရောက်ရှိနေကြပြီလို့ သိရပါတယ်။

“မနေ့က ထွေအုပ်ရုံးကို ပကဖတွေက တိုက်ခိုက်ခဲ့တယ်လို့ သိရတယ်။ အဲဒီနောက် စကစတွေက လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တာ။ ဒီလက်နက်ကြီးကျည်တွေနဲ့ နေအိမ်ဝန်းထဲကို ကျရောက်ပေါက်ကွဲခဲ့ကြလို့ ဒဏ်ရာရသွားကြတာ” လို့ ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီလ ၉ ရက်မနေ့ည ၇ နာရီလောက်မှာလည်း မြို့မရဲစခန်းထဲကနေ လက်နက်ကြီး ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်မှာလည်း ပြင်ဦးလွင်ရပ်ကွက်မှာ နေထိုင်တဲ့ ကိုသူရိန်ထွန်းမှာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ လုပ်ငန်းခွင်ကို သွားချိန် စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ပေါင်ကိုထိမှန်ပြီး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။