myaelatt athan

Sharing Information to the Local

ပုလဲမြို့မရဲစခန်းကို လက်နက်ကြီးနဲ့သွားရောက် ပစ်ခတ်

0 2
0 2

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၉၊ ၂၀၂၃။

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ပုလဲမြို့မရဲစခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက် ပစ်ခတ်ခဲ့တယ်လို့ တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနေ့က ည ၁၀ နာရီလောက်မှာ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ – MRG ပူးပေါင်းတပ်ဖွဲ့က ၆၀(မမ) လက်နက်ကြီး ၂ ပြောင်းနဲ့ မီးလောင်ဗုံး ၁ ပြောင်းနဲ့ ပုလဲမြို့မ ရဲစခန်းထဲကို သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ပုလဲတပ်ရင်း (၄) တပ်ခွဲ (၃)ရဲ့ တာဝန်ခံက ပြောပါတယ်။

“ရဲစခန်းထဲမှာက စစ်** အင်အား ၄၀ နီးပါး ရှိတယ်။ ကျတော်တို့က လက်နက်ကြီး သုံးဆိုင်းနဲ့သွားပစ်ခဲ့တယ်။ မီးလောင်ဗုံးသုံးလုံး နဲ့ပစ်တော့ တလုံးက မီးစွဲနေတယ်လို့ ပြောတယ်။ ထိခိုက်သေဆုံးမှုတွေကတော့ မကြားရသေးဘူး” လို့ ဆိုပါတယ်။

လက်နက်ကြီးတွေ ပစ်နေပြီး ၅ မိနစ်အကြာမှာ ပုလဲမြို့မရဲစခန်းကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့လည်း မိမိတို့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့ – MRG ၊ ဒေါင်းနက်၊ အညာဒေါင်း၊ မုဆိုးလေးစတဲ့ မဟာမိတ်တပ်ပေါင်းစုက ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့အနေနဲ့ ပုလဲမြို့မရဲစခန်းကို သွားရောက်ပစ်ခတ်ခဲ့တာ အခုအကြိမ်နဲ့ဆို ၁၄ ကြိမ်ထက်မနည်းရှိနေပြီ ဖြစ်တယ်လို့လည်း အဲဒီတပ်ခွဲမှူးက ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။