စစ်ကောင်စီတပ်ဖွဲ့တွေ စီးနင်းလာတဲ့အိမ်စီးကား မိုင်းဆွဲခံရပြီး ဗိုလ်အဆင့်အပါ ၂ ဦးသေဆုံးဟုဆို

0 13
0 13

မြို့သာ၊ ဇွန် ၂၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ လိုက်ပါလာတဲ့ အိမ်စီးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်အဆင့်အပါ ၂ ဦးသေဆုံးခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံဆီက သိရပါတယ်။

ဂွေးကုန်းရွာစစ်ကောင်စီတပ်စခန်းကို မောင်းနှင်လာတဲ့ Honda Fit အိမ်စီးကားကို မြို့သာနဲ့ဂွေးကုန်း အကြားလမ်းတနေရာမှာ ဇွန် ၂၄ ရက် ဒီကနေ့မနက် ၇ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ မိုင်း ၂ လုံးနဲ့ဆွဲခဲ့တာ၊ တိုက်ခိုက်တဲ့အချိန် ကားက မိုင်းကွင်းအလည်တည့်တည့်မှာ ထိမှန်ပြီးတော့ ကားရဲ့မှန်စတွေနဲ့ ကားရဲ့အပိုင်းအစတွေက အဲ့ဒီအနားမှာပြုတ်ကျကျန်ခဲ့တယ်။ ဗိုလ်အပါအဝင် ၂ ကောင်သေဆုံးတယ်၊ နောက်ပြီးတော့ ၂ ကောင်ဒဏ်ရာအပြင်းအထန်ရတယ်” လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အိမ်စီးကားပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး လိုက်ပါလာတာဖြစ်ပြီး မိုင်းဆွဲခံရတာကြောင့် ဗိုလ်အဆင့် စစ်ကောင်စီတပ်အရာရှိ ၁ ဦးအပါ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

မြို့သာရဲစခန်းထဲမှာ အထိုင်ချထားတဲ့ စစ်တပ်ဟာ မကြာခဏတပ်ချိန်းနေတာကြောင့် သေဆုံး၊ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်ရဲ့ တပ်ရင်း၊တပ်ဖွဲ့ကိုတော့ မသိရဘဲ သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဂွေးကုန်းရွာအတွင်း ပို့ဆောင်ခဲ့ကာ စစ်ကောင်စီတပ်သားတွေ စီးနင်းလာတဲ့ ကားကိုလည်း နောက်ထပ်ကားတစီးနဲ့ သယ်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်ကလည်း ငါန်းဇွန်မြို့နယ် မြို့သာဆေးရုံအနီးတွင် ဂိတ်ချပြီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲဝင်တွေကို နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက မိုင်းဆွဲတိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။