3
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၈၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တောင်ပေါ်ဒေသတခုမှာရှိတဲ့ သားသမီးမရှိတဲ့ သက်ကြီးရွယ်အို အဖိုးဖွား မိသားစု ၂ စုအတွက် ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း P1.3012 မှာရှိတဲ့ ရဲဘော်တဦးက စုထားတဲ့မုန့်ဖိုးထဲကနေ ဆန်နဲ့ပိုက်ဆံ လှူဒါန်းခဲ့ပါတယ်။
သားသမီးမရှိတဲ့ အသက် ၇၀ ကျော် အဖိုးဖွား လင်မယားမိသားစုနဲ့ အသက် ၉၀ ကျော်မိခင်၊ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့သမီးဖြစ်သူ သားအမိ မိသားစုတစုတို့ကို ဆန်တအိတ်နဲ့ ငွေ ၁ သိန်းစီ ကန်တော့ခဲ့တာ ဖြစ်ပါတယ်။
ပိုတဲ့မုန့်ဖိုးငွေအနည်းငယ်ကိုတော့ တပ်ရင်းနဲ့ ကြားကာလပညာရေးအတွက် သုံးစွဲဖို့ လုပ်ထားတယ်လို့လည်း သိရပါတယ်။