myaelatt athan

Sharing Information to the Local

ရခိုင်ကနေ ရိက္ခာလာပို့တဲ့ယာဥ်တန်း ၂ရက်ဆက်တိုက် မိုင်းဆွဲခံရ

အမ်း၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၃။

ရခိုင်ပြည်နယ်၊ အမ်းမြို့ကနေ မကွေးတိုင်းထဲကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီကားတွေကို ငဖဲမြို့နယ်ထဲမှာ ၂ရက်ဆက်တိုက် မိုင်းဆွဲခဲ့တယ်လို့ Chin Defence Force-Asho အဖွဲ့ဆီက သိရပါတယ်။

အမ်းမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ပဒါန်းဘက််ကို ရိက္ခာလာပို့တဲ့ ယာဥ်တန်းကို ၂ရက်ဆက်တိုက် ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ CDF – Asho အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

“ပြင်ဆင်နေတာကြာပါပြီ။ တကယ်တိုက်ခိုက်ဖို့အတွက် အခွင့်အရေးပေးလာတော့ ဖေဖော်ဝါ ရီလ ၃ ရက်နဲ့ ၄ ရက်မှာ ကျနော်တို့ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ၃ ရက်နေ့အမ်းဘက်က ဆင်းလာတဲ့ကား ၁၆ စီးကိုတော့ မိုင်း ၂ လုံးနဲ့ တိုက်ခိုက်နိုင်ခဲ့ပြီး ၄ ရက်နေ့မှာတော့ ကား ၁၈ စီးကို မိုင်း ၃ လုံးနဲ့တိုက်ခိုက်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

မိုင်းဆွဲမှုကြောင့် ရိက္ခာပို့တဲ့ ကားတွေမှာပါတဲ့ စစ်သားတွေထိခိုက်ဒဏ်ရာရတာတွေရှိပြီး ပြန်ပစ်ခတ်တာတွေရှိလို့ ပြန်ဆုတ်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Chin Defence Force-Asho အဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေဘက်က ပူးပေါင်းပါဝင်မှုရှိချင်တာကြောင့် လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဖောက်ခွဲဖို့လိုအပ်တဲ့မိုင်းနဲ့ဆက်စပ်ပစ္စည်းတွေကို ကျောင်းသားလက်ရုံးတပ် (SAF) နဲ့ PRA-Magway အဖွဲ့တွေက ထောက်ပံ့ကူညီပေးခဲ့တာလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။