myaelatt athan

Sharing Information to the Local

ကြံ့ခိုင်ရေးအမာခံတဦးအား ပစ်သတ်ခဲ့တဲ့ရဲကို အမှုဖွင့်လို့မရသေး

0 1
0 1

ပဲခူး၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ လေးမျက်နှာနယ်မြေရဲစခန်းကပစ်သတ်ခဲ့တဲ့ အမျိုးသားတဦးအမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ၄ ရက်ဒီနေ့အထိ အမှုဖွင့်လို့မရသေးဘူးလို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ သရက်ကုန်းအုပ်စု၊ စမ်းအိုင်ရွာက ရေခဲချောင်းရောင်းချသူ အသက် ၄၀ နှစ်အရွယ် ကိုတင်မောင်ဆွေ(ခေါ် )ဗိုက်ကြီးဆိုသူဖြစ်ပြီး၊ ဇန်နဝါရီလ ၁၄ ရက်ညနေက ရေခဲချောင်းရောင်းပြီးအပြန် ဇီးကုန်းမြို့နယ်၊ လေးမျက်နှာစစ်ဆေးရေးဂိတ်က တပ်ကြပ်အဆင့်ရှိရဲတဦးက ပစ်သတ်ခဲ့တာလို့ဆိုပါတယ်။

“ဆိုင်ကယ်ဖမ်းတဲ့အချိန်မှာ သူကရေခဲချောင်းရောင်းပြီးပြန်လာတာ၊ ဖမ်းတယ်ထင်ပြီးမောင်းပြေးတဲ့အချိန် နောက်ကပစ်လိုက်တာမှာ ချက်ကောင်းကိုထိပြီးသေသွားတာ၊ သူကကြံ့ခိုင်ရေးအမာခံ။ သူမိသားစုက အမူဖွင့်ဖို့သွားတော့ ရဲကအမူဖွင့်မပေးဘူး။ ဆေးရုံကနေ ဒီအတိုင်းထုတ်ပြီး သဂြိုဟ်လိုက်ရတာ။ သဂြိုလ်တဲ့နေ့က ကြံ့ခိုင်ရေးအဖွဲ့လိုက်ကြီးလိုက်ပို့ကြတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ဇီးကုန်းမြို့စျေးအတွင်းက ပန်းထိမ်လုပ်ကိုင်သူ ကိုရာဇာဆိုသူကိုလည်း ဇီးကုန်းရဲကဖမ်းဆီးစစ်ဆေးပြီး စစ်ကြောရေးမှာပဲ သေဆုံးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

အလားတူဇန်နဝါရီလ ၁၄ ရက်နေ့လယ် ၂ နာရီလောက်ကလည်း ဇီးကုန်းမြို့နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ နတ်တလင်းမြို့နယ်၊ တာပွန်မြို့အဝင်စစ်ဆေးရေးဂိတ်မှာ နတ်တလင်းမြို့နယ်၊ လှပခြင်းအုပ်စု၊ သရက်ကုန်းရွာက အသက် ၂၃ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား မောင်ဝင်းဇော်ထွဠ်ကို ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ စစ်ကောင်စီအဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင်အောက်တိုဘာလ ၂၈ ရက်ကလည်း ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းရွာသား တက္ကသိုလ်ကျောင်းသား အသက် ၂၀ ကျော်အရွယ် ကိုဝေဖြိုးအောင်နဲ့ ကိုသန်းဇာ်ဦးတို့ ၂ ဦး ရွာကိုပြန်လာချိန်မှာ အရက်မှုးနေတဲ့စစ်သား ၂ ဦးက အကြောင်းမဲ့ပစ်သတ်ကာ လက်စွပ် ၁ ကွင်းနဲ့ဆွဲကြိုး ၁ ကုံးကိုယူဆောင်သွားခဲ့ပါသေးတယ်။

ဇီးကုန်းမြို့နယ်ဟာ ပဲခူးတိုင်းအနောက်ခြမ်းက စစ်တပ်ထောက်ခံသူအများစုရှိတဲ့မြို့ဖြစ်ပြီး ၂၀၁၀ နဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကပဲ အနိုင်ရရှိခဲ့တဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။