myaelatt athan

Sharing Information to the Local

ပုသိမ်ကြီးနယ်က စစ်ကောင်စီသတင်းပေးတဦး ရှင်းလင်းခံရ

မန္တလေး၊ ဖေဖော်ဝါရီ ၁၊ ၂၀၂၃။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကျွဲရေကုန်းကျေးရွာက စစ်ကောင်စီသတင်းပေး အမျိုးသမီးတဦး ဇန်နဝါရီ ၃၁ ရက်မနေ့ကမနက် ၁၁ နာရီလောက်မှာ သေနတ်နဲ့ပစ်ခံရပြီးသေဆုံးခဲ့ပါတယ်။

အဆိုပါအမျိုးသမီးမှာ အသက် ၂၀ နှစ်အရွယ် မဖြူစင်သန့်ဖြစ်ပြီး၊ သူ့ကို မန္တလေး -မတ္တရာကားလမ်းဘေး နန္ဒာတောင်ရွာအနီးမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ နဂါးနီပြောက်ကျား-မတ္တရာတပ်ဖွဲ့မှ တာဝန်ခံကိုသားငယ်က ပြောပါတယ်။

“ဖြူစင်သန့်က ရွေးကောက်ပွဲအတွက် မဲစာရင်း၊ သန်းခေါင်းစာရင်းတွေ လိုက်လံကောက်ပေးနေသူ တယောက်ပါ။ ပြီးတော့ ရဲဘော်တွေကိုလည်း ချိန်းဆိုပြီး သူနဲ့သွားတွေ့တဲ့ ရဲဘော်တွေဖမ်းဆီးခံရတာတွေ ရှိပါတယ်။ သူရဲ့ မိသားစုနဲ့ သူက စကစ ဒေါက်တိုင်ဖြစ်တယ်”လို့ဆိုပါတယ်။

မဖြူဇင်သန့်မှာ မနေ့မနက်ပိုင်းက အခြားအမျိုးသမီးအဖော်တဦးနဲ့ မင်္ဂလာဆောင်တခုကပြန်လာချိန် ပစ်ခတ်ခံရတာဖြစ်ပြီး၊ ဝဲနားထင်ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာတင်ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်သလို သူ့ရဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက လာရောက်သယ်ဆောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။

ခုလိုမရှင်းလင်းခင်ကလည်း သူ့ဆီကိုစာပို့ပြီး သတိပေးခဲ့ပေမယ့် မလိုက်နာခဲ့တာကြောင့် အခုလိုရှင်းလင်းခဲ့ရတာဖြစ်ပြီး ရှင်းလင်းချိန်မှာလည်း သူ့ဆီက ဘာပစ္စည်းတခုကိုမှ မယူခဲ့ကြဘူးလို့ ကိုသားငယ်က ဆက်ပြောပါတယ်။

ဒါ့အပြင် မဖြူသန့်စင်ရှင်းလင်းခံရပြီးနောက်မှာ သူ့ရဲ့မိသားစုဝင်တွေက အခြားသူတွေကိုပါ စစ်တပ်ကိုအကြောင်းကြားပြီး ဖမ်းဆီးခိုင်းတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူပစ်ခတ်ခံရပြီးတာနဲ့ သူ့မိသားစုက တခြားမဆိုင်တဲ့မိသားစု၀င်တွေကို လိုက်လံဖမ်းဆီးခိုင်းပါတယ်။ အခုဆိုရင်အဖမ်းခံထားရတာ ၅ ယောက်ရှိနေပြီ။ အခုအဖမ်းခံရတဲ့သူတွေက အရပ်သားပြည်သူတွေပါ”လို့ တာဝန်ခံကိုသားငယ်က ပြောပါတယ်။

လက်ရှိမှာ မဖြူစင်သန့်ရဲ့မိသားစုရဲ့ဖမ်းဆီးခိုင်းမှုကြောင့် ပုသိမ်ကြီးမြို့ပေါ်က အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား၂ ဦးတို့ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခံထားရပြီး သူနဲ့ပက်သက်တဲ့အချက်အလက်တွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။