myaelatt athan

Sharing Information to the Local

ခင်ဦးနယ်က ဒေသခံ ၂၀ ဦးကို တပ်မ ၃၃ တပ်သားတွေက ဖမ်းဆီးထားပြီး နေအိမ်ကို မီးရှို့နေ

ခင်ဦး၊ ဇန်နဝါရီ ၃၀၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ဗျိုင်းကြိုင်ရွာက ဒေသခံ ၂၀ ဦးကို စစ်ကိုင်း တပ်မ ၃၃ ကတပ်သားတွေက ဇန်နဝါရီလ ၃၀ ရက် ဒီ‌နေ့မနက်ပိုင်းမှာ ဝင်ရောက်လာပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

မအူပင်မြို့ပေါ်ကနေ အင်အား ၈၀ ကျော်ရှိတဲ့ စစ်ကိုင်းတပ်မ ၃၃ တပ်သားတွေက ဇန်နဝါရီလ ၃၀ ရက် မနက်ပိုင်းမှာ ဗျိုင်းကြိုင်ကျေးရွာက ဒေသခံ ၂၀ ဦး ဖမ်းဆီးထားပြီး နေအိမ်တွေကို မီးရှို့နေတယ်လို့ FIRE DRAGON PDF ဗိုလ်‌ပျောက်ကြီးက ပြောပါတယ်။

“မနက် ၉ နာရီလောက်ကနေ မအူပင်ကနေ စထွက်လာပြီးတော့ ရွှေဘိုမြို့နယ် အင်ကြင်းပင်ရွာအနောက်ဘက်က တဲတွေမီးရှို့တယ်။ ခင်ဦးမြို့နယ် ဗိုင်းကြိုင်ရွာမှာ မီးရှို့နေတယ်။ အိမ်ခြေက ၁၅၀ လောက်ပဲရှိတာ။ အခုမှ မီးစရှို့နေတာ။ စစ်ခွေးတွေက အဲဒီရွာမှာ ခဏနားနေတယ်။ ပြည်သူ ၂၀ ကျော်လောက် အဖမ်းခံထားရတယ်။ တပ်မ ၃၃ က စစ်ခွေးတွေနဲ့ ပျူတွေဝင်ရောက်နေတာ” လို့ ဗိုလ်ပျောက်ကြီးက ပြောပါတယ်။

ဗျိုင်းကြိုင်ကျေးရွာက ဖမ်းခံရသူတွေဟာ အသက် ၄၀ ကျော်နဲ့ ၅၀ ဝန်းကျင်အမျိုးသားတွေ ဖြစ်ကြပြီး ကလေးအမေတွေကိုပါ ဖမ်းဆီးထားကာ လက်ရှိစစ်ကြောင်းဝင်လာလို့ ထွက်ပြေးရသူ ၇၀၀ ကျော်ရှိတယ်လို့ ဆက်ပြောပါတယ်။

ဗျိုင်းကြိုင်ရွာကနေ စစ်သားအင်အား ၄၀ နဲ့ခွဲထွက်သွားပြီး ယခုအချိန်မှာ စိုင်တိုးရွာ မီးရှို့နေတယ်လို့ ဆက်ပြောပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။