စစ်ကောင်စီနဲ့ပေါင်းလုပ်တဲ့ လောင်းကစားဒိုင် ၃ဦး သေနတ်နဲ့ ပစ်သတ်ခံရ

0 2
0 2

ပဲခူး၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်နဲ့ ညောင်လေးပင်မြို့နယ်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ပေါင်းပြီး လောင်းကစားဒိုင်လုပ်နေတဲ့ သူ​ ၃ ဦး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူတွေဟာ မျိုးဇော်ဦး၊ ဦးဇော်မင်းအောင်(ခ)စာကလေးခွေနဲ့ ဇနီးဖြစ်သူ မအိမွန် တို့ ၃ဦးဖြစ်ကာ သူတို့ဟာ ပျူစောထီးတွေလည်းဖြစ်တယ်လို့ Bago Region PDF တာဝန်ရှိသူတဦးကပြောပါတယ်။

“ပစ်ခတ်ခံရသူတွေက ပျူစောထီးတွေဖြစ်တယ်။ ရဲနဲ့တပ်နဲ့ပေါင်းပြီး လောင်းကစားဒိုင်လုပ်တယ်။ ရဲနဲ့တပ်ကို လိုင်းကြေးပေးပြီးတော့ပေါ့ ဒါကြောင့်ပစ်ခတ်ရှင်းလင်းတာဖြစ်တယ်။ စကစနဲ့ရဲအတွက် ငွေရှာပေးနေတာလေ”လို့ ပြောပါတယ်။

ပျူစောထီး မျိုးဇော်ဦးကို ဇန်နဝါရီ ၂၅ရက် ညနေ ၄နာရီခွဲလောက်မှာ စက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး အိမ်မှာရောက်နေတဲ့အချိန် ဖြူးပကဖ က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

ပျူစောထီး ဇော်မင်းအောင်တို့ လင်မယား၂ယောက်ကိုတော့ အဲ့ဒီနေ့ ညနေ ၅နာရီခွဲလောက်မှာ ကြက်ဝိုင်းကနေပြန်လာချိန် ညောင်လေးပင် ပကဖ က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဦး​ဇော်မင်းအောင်မှာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာတချက်၊ ဝဲမျက်ခုံးကျည်ဖောက်ဝင်ဒဏ်ရာတချက်နဲ့နေရာမှာ သေဆုံးခဲ့ပြီး ‌ဇနီးဖြစ်သူ မအိမွန်မှာ ယာနထင်ကျည်ဖောက်ဝင်ဒဏ်ရာတချက်ရရှိသေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက ညောင်လေးပင်ဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၂ ရက် မနက်ပိုင်းက ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်ကျေးရွာ၊ ဆွဲဒလဲပိုင်းက ဦးဝင်းဌေးအပါအဝင် မိသားစု ၃ ဦးနေအိမ်မှာ ပစ်သတ်ခံရလို့ သေဆုံးသွားပြီး ဘယ်အဖွဲ့က လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။