myaelatt athan

Sharing Information to the Local

မြင်းခြံမှာ ကင်းလှည့်တဲ့စစ်သားတွေ မိုင်းဆွဲခံရ

မန္တလေး၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ဆိုင်ကယ်နဲ့ကင်းလှည့်နေတဲ့စစ်အုပ်စုကို ဇန်နဝါရီလ ၂၅ ရက်ညက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နောင်ရိုးအထူးပြောက်ကြားတပ်ဖွဲ့ − NYSGF က သတင်းထုတ်ပြန်ထားပါတယ်။

မြင်းခြံမြို့နယ်၊ ဆီးမီးခုံနယ်မြေစာသင်ကျောင်းထဲမှာတပ်စွဲထားတဲ့ စစ်သားနဲ့ရဲ ၁၀ ဦးလောက်က ဆီးမီးခုံ – နဖူးအိုင်လမ်းမှာကင်းလှည့်နေချိန် ည ၈ နာရီခွဲကျော်လောက်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ဆီမီးခုံအရှေ့ဘက်ကို ဆိုင်ကယ်နဲ့ကင်းလှည့်လာတာကို မိုင်း ၇ လုံးနဲ့ ဆွဲခဲ့တာ။ ဆိုင်ကယ် ၄ စီးက မိုင်းကွင်းထဲမိသွားတယ်၊ နောက်ဆုံးတစီးကလွတ်တော့ ဆိုင်ကယ်ပေါ်က ၂ ယောက်ဆင်းပြီး ရမ်းပစ်သေးတယ်”လို့ နောင်ရိုးအဖွဲ့ NYSGFမှ သတင်းတာဝန်ခံက ပြောပါတယ်။

အသင့်စောင့်ကြိုမိုင်းဆွဲတဲ့နေရာဟာ ကျေးရွာအနီးမှာဖြစ်ပေမယ့် စစ်အုပ်စုက ရွာသားတွေကို ပြဿနာရှာတာမျိုးတော့မလုပ်ပဲ အလောင်းတွေကိုတော့ ဆီးမီးခုံဘက်ကိုသယ်သွားတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ရဲသား ၄ ဦးနဲ့ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး၊ ည ၁၁ နာရီကျော်လောက်မှာ အလောင်းတွေကို သယ်ဆောင်သွားကြောင်း သူတို့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပေမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အဲဒီတိုက်ခိုက်မှုမှာ နောင်ရိုးအထူးပြောက်ကျားတပ်-NYSGFနဲ့ 27 Revolution Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ တိုက်ခိုက်ရေးရဲဘော်တွေအန္တရာယ်ကင်းခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ ၇ ရက်ညနေ ၄ နာရီခွဲလောက်ကလည်း မြောင်မြို့နယ်၊ ပန်းညိုရွာကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို နောင်ရိုးတပ်ဖွဲ့နဲ့အတူ ပူးပေါင်းမဟာမိတ်တွေကတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။