myaelatt athan

Sharing Information to the Local

ရေစကြိုမြို့နယ်ကကျေးရွာအများစုမှာ စစ်ကောင်စီက အိမ်ထောင်စုစာရင်းမကောက်ယူနိုင်သေး

မကွေး၊ ဇန်နဝါရီ ၂၆၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်ဖို့ အိမ်ထောင်စုစာရင်းကောက်ယူနေပေမယ့် ကျေးရွာအများစုမှာ ​ကောက်ယူနိုင်တာမရှိသေးဘူးလို့ သိရပါတယ်။

ရေစကြိုမြို့နယ်ထဲက ကျေးရွာ ၇၅ ရာခိုင်နှုန်းကျော်ကို PDF ဘက်က နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့တွေမရှိတာကြောင့် ယနေ့အချိန်ထိအိမ်ထောင်စုစာရင်းလာကောက်ယူတာမရှိသေးဘူးလို့ ရေစကြိုမြို့နယ် ပကဖ တာဝန်ရှိသူကပြောပါတယ်။

“လက်ရှိအခြေနေပြောရရင် မြို့ပေါ်ရပ်ကွက်မှာတောင် အုပ်ချုပ်ရေးမှူးမရှိတဲ့ ရပ်ကွက်ရှိတယ်။ ရွာတွေမှာဆိုလဲ ပျူစောထီးရွာအနည်းငယ်လောက်ဘဲရှိတယ်။ သူတို့စိုးမိုးထားတဲ့ မြို့ပေါ်နဲ့ရွာအနည်းငယ်မှာသာ အိမ်ထောင်စုစာရင်းကောက်ယူနေတာရှိတယ်။ ဒါတောင်သူတို့အင်အား အပြည့်မရှိလို့ နေရာတိုင်းကို ပေါ်ပေါ်ထင်ထင်မသွားနိုင်ဘူး။ ကျန်ရွာတွေဘက်မှာတော့ ခုထိဘာအသံမှ မကြားသေးဘူး။”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ဆောင်လာပါက ရတဲ့နည်းလမ်းကို အသုံးပြုပြီး တားဆီးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ရေစကြိုမြို့နယ်ထဲမှာ နယ်မြေအကုန် အိမ်ထောင်စုစာရင်းကောက်ယူနိုင်ခြင်းမရှိတာက စာရင်းကောက်မယ့်အဖွဲ့တွေကို လုံခြုံရေးအပြည့်အဝမပေးနိုင်တဲ့အပြင် ပြည်သူအများစုက စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို မထောက်ခံတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းကောက်ယူရာမှာ ၃ ပတ်ကျော်ကြာမြင့်လာပေမယ့် မြို့ပေါ်ရပ်ကွက်နဲ့အနီးအနား ပျူကျေးရွာအနည်းငယ်သာ ကောက်ယူနိုင်သေးတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်ထဲမှာ မြို့ပေါ်ရပ်ကွက် ၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၁ စု၊ ကျေးရွာပေါင်း၂၄၅ ရွာရှိပြီး လူဦးရေ ၃ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။