ပေါက်က ရွာ ၂ ရွာကို စစ်တပ်ကတရက်တည်းမီးရှို့

0 1
0 1

မကွေး၊ ဇန်နဝါရီ ၂၅၊ ၂၀၂၃။

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ဇင်းရွေးဂုံရွာနဲ့ ကျားပစ်ကန်ရွာကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီလ ၂၅ ရက်တရက်တည်းမှာတင် စစ်ကြောင်းထိုးမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

တပ်မ ၁၀၁နဲ့ ကပစ ၂၄ ကစစ်သားတွေပါဝင် အင်အား ၁၀၀ ဝန်းကျင်ရှိစစ်ကြောင်းဟာ ဒီနေ့လည် ၂ နာရီလောက်မှာ ဇင်းရွေးဂုံရွာကိုမီးရှို့ခဲ့ပြီးနောက် နေ့လည် ၃ နာရီကျော်လောက်မှာတော့ တမိုင်သာသာဝေးတဲ့ ကျားပစ်ကန်ရွာကို ထပ်မံမီးရှို့ခဲ့တာလို့ ပေါက်ဒေသခံတဦးက ပြောပါတယ်။

“ အခုချိန်ထိတော့ စခ တွေက ကျားပစ်ကန်ရွာထဲမှာ ရှိနေတုန်းပဲ။ အဲဒီရွာတွေက တရွာနဲ့တရွာ တမိုင်လောက်ပဲ ဝေးတယ်။ နေအိမ်ဘယ်လောက် မီးထဲပါသွားလဲဆိုတာတော့ မသိရသေးဘူး။ စစ်ကြောင်းနဲ့နီးတော့ ရွာနားကို ကပ်လို့မရဲဘူး” လို့ ပြောပါတယ်။

ခုလိုမီးရှို့တဲ့စစ်အုပ်စုထဲမှာ ဒီးဒုတ်ကွင်းကျေးရွာနဲ့ တပ်ကုန်းရွာက ပျူစောထီးတွေပါဝင်ပြီး လက်ရှိအချိန်ထိ မီးရှို့ခံရွာတွေအနီးမှာ စစ်ကောင်စီတပ်သားတွေရှိနေသေးတာကြောင့် အိမ်ခြေပျက်စီးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ အထက်ပါဒေသခံက ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်ကြောင်းဟာ ဇန်နဝါရီလအတွင်း ဒါသီးခြောက်၊ ပြစ်တဲ၊ တဲတော်ယာတောင်စု၊ ပြည်သာရာနဲ့ စမ်းရေခုံရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာကျော်လောက်ကိုလည်း စစ်ကြောင်းထိုးမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်ထိ ပေါက်မြို့နယ်တောင်ပိုင်းမှာမီးရှို့ခံရတဲ့ ရွာပေါင်း ၄၀ နီးပါးခန့်ရှိပြီး ဒေသခံ ၂ သောင်းခွဲကျော်လောက်လည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။