myaelatt athan

Sharing Information to the Local

စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့တဲ့အပြင် လူငယ်၃ဦးကိုပါ သတ်သွား

စစ်ကိုင်း၊ ဇန်နဝါရီ ၂၅၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာကို စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ၂၄ ရက် မနေ့က မနက်ပိုင်းအချိန်ကနေ ညအချိန်အထိ မီးရှို့တဲ့အပြင် လူငယ်၃ဦးကိုပါ သတ်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် အိမ်ခြေ၇၀၀ခန့်ရှိတဲ့ ပင်းဇင်းကျေးရွာမှာ နေအိမ်၆၀၀ခန့်ပြာကျ ပျက်စီးသွားခဲ့သလို အသတ်ခံလိုက်ရတဲ့ လူငယ်၃ဦးရဲ့ကိုယ်ရေးအကျဥ်းကို မသိရှိရသေးဘူးလို့ မြေပြင်ကင်းထောက်တဦးက ပြောပါတယ်။

“စကစတွေက ကောက်ရိုးနဲ့ ဓာတ်ဆီနဲ့လောင်းပြီးတော့ ရှို့တာ။ မနက်ကတည်းကနေ ညလုံး ပေါက်ရှို့တာ။ စကစတွေက ရွာထဲမှာညအိပ်ပြီးတော့ မနက်အချိန်မှထွက်သွားတယ်။လူငယ် သုံးယောက်ကိုလည်း မီးရှို့ထားတဲ့အလောင်းပဲ တွေ့ရတယ်။ဒီလူငယ်တွေက ဘယ်လိုအသတ်ခံလိုက်ရတယ်ဆိုတာတော့ မသိရဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက ပင်းဇင်း ကျေးရွာကနေ မနက်ပိုင်းအချိန်ထွက်သွားပြီး မူးကြီးကျေးရွာကို မီးထပ်ရှို့နေတယ်လို့ဆိုပါတယ်။

“မူးကြီးရွာကို မီးရှို့တဲ့အချိန်မှာဘဲ PDFတွေနဲ့ တိုက်ပွဲဖြစ်နေကြတယ်။ အခုအချိန်မှာတော့ တိုက်ပွဲကငြိမ်သွားပြီ။ အခုလည်း စစ်ကြောင်းက မထွက်သေးဘူး”လို့ ကင်းထောက်ကပဲ ဆက်ပြောပါတယ်။

အလားတူ အဲ့ဒီ စစ်ကြောင်းမှာ ဇန်နဝါရီ၂၃ ရက်ကလည်း မကျီးတုံကျေးရွာကို မီးရှို့ဖျက်စီးခဲ့ပြီး ဒီစစ်ကြောင်းဟာ အင်အား၁၀၀ခန့်ရှိပြီး ရွှေဘိုမြို့နယ်ဘက်က ရောက်ရှိလာခဲ့တာဖြစ် တယ်လို့သိရပါတယ်။

စစ်ကောင်စီက အခုလို တရွာဝင်တရွာထွက်မီးရှို့နေတာကြောင့် မူးကြီး၊ ဝက်လက်၊ မကျီးတုံ၊ပင်းဇင်း၊ လှတော၊ ရွှေကျင်၊ ကျီးကံ၊ ရေထွက် ၊ဥယျာဥ်မစတဲ့ကျေးရွာတွေက ဒေသခံတွေအကုန်လုံး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။