myaelatt athan

Sharing Information to the Local

ညောင်ဦးက ကျောင်းအုပ်ဆရာမနဲ့ခင်ပွန်း ပစ်သတ်ခံရ

ညောင်ဦး၊ ဇွန် ၁၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ညောင်ပင်ကန်ကျေးရွာမှာ ကျောင်းအုပ်ဆရာမနဲ့ ခင်ပွန်းဖြစ်သူတို့ ပစ်သတ်ခံရတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးက သိရပါတယ်။

ပစ်သတ်ခံရသူတွေက ညောင်ပင်ကန် အထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမ အသက် ၄၂ နှစ်အရွယ်ရှိ ဒေါ်နီလာဝင်း၊ ခင်ပွန်းဖြစ်သူ အသက် ၄၅ နှစ်အရွယ်ရှိ ဦးဇော်လတ်တို့ဖြစ်ပြီး ဇွန် ၁၅ ရက် မနက် ၉ နာရီခန့်မှာ ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းအရှေ့မှာ ပစ်သတ်ခံရတာလို့ဆိုပါတယ်။

” **တွေနဲ့ပေါင်းပြီး ရွာကိုလည်း ဘယ်သူမှဂရုမစိုက်ဘူးဆိုတဲ့သဘော။ သူ့ရဲ့ဆွေမျိုးတွေကလည်း အရာရှိပိုင်းတွေထဲကဆိုတော့ နည်းနည်း ကျောင်းကသူဖွင့်ချင်ဖွင့်မယ်ဆိုပြီး အာချောင်နေတာ။ အဲ့လိုကြောင့်ဝင်ရှင်းလိုက်တာလို့တော့ သိရတယ်”လို ညောင်ဦးမြို့နယ်ပကဖတာဝန်ခံ ကိုဇီးက ပြောပါတယ်။

ပစ်သတ်ခံရသူ ဆရာမက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကျောင်းကိုမကြာခဏခေါ်တတ်တယ်လို့ သိရပြီး ဒီပစ်ခတ်မှုကိုဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာမသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကျောင်းအုပ်ဆရာမလင်မယားမှာ ဦးခေါင်းကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာတင်သေဆုံးခဲ့တာလို့ သိရပါတယ်။

ဇွန် ၉ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ဒဟတ်ကန်ကျေးရွာမှ ရာအိမ်မှူး ၁ ဦး၊ ကြံ့ခိုင်ရေးပါတီဝင် ၂ ဦး စုစုပေါင်း ၃ ဦးနေအိမ်တွေမှာရှိနေချိန် ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။