myaelatt athan

Sharing Information to the Local

မြိုင်နယ်က ရွာ ၃ ရွာကို စစ်အုပ်စု မီးရှို့လို့ အိမ်ခြေ ၁၃၀ ကျော် မီးလောင်ပျက်စီး

0
0

မကွေး၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲရှိ ကျေးရွာ ၃ ရွာက နေအိမ်အချို့ကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ဒီဇင်ဘာလ ၂၉ ရက်နဲ့ ၃၀ ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၃၄ လုံးပြာကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်အုပ်စုဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့လည် ၂ နာရီလောက်မှာ အိမ်ခြေ ၁၀၀ ခန့်ရှိတဲ့ ကန်နက်ရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၂၈ လုံး ပျက်စီးခဲ့သလို ဒီဇင်ဘာလ ၃၀ ရက်ဒီကနေ့မနက် ၄ နာရီဝန်းကျင်မှာလည်း အိမ်ခြေ ၃၀၀ ခန့်ရှိတဲ့အိုးဘိုရွာကို မီးရှို့ခဲ့တာကြောင့် အိမ်ခြေ ၇၀ လုံးပျက်စီးသွားခဲ့တယ်လို့ နွေဦးတော်လှန်ရေး – မြိုင်မြို့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီစစ်ကောင်စီတွေနဲ့ ပျူတွေက မနေ့ကဆိုရင် မန်ကျည်းလေးပင်ရွာကို စပြီးတော့ မီးရှို့တယ်။ ပြီးတော့ ကန်နက်ရွာကို မီးရှို့တယ်။ အဲဒီကနေ အိုးဘိုရွာကိုဝင်ပြီး ညအိပ်တယ်။ မနက်ရောက်တော့ အိမ်တွေကို မီးရှို့တော့တာပဲ။ မီးရှို့ပြီးတော့ အဲဒီကောင်တွေက ၁၂ နာရီလောက်မှာ ပြန်ထွက်သွားတယ်။ အခုတော့ မီးရှို့ခံရွာတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ရှင်းလင်းရေးလုပ်ပေးနေကြတယ်” လို့ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီစစ်အုပ်စုဟာ ဒီဇင်ဘာလ ၂၉ ရက်မနေ့ကမနက်ပိုင်းမှာလည်း အင်အား ၁၀၀ ဝန်းကျင်နဲ့ မန်ကျည်းလေးပင်ကျေးရွာမှ အိမ်ခြေ ၃၆ လုံးကို မီးရှို့ခဲ့ကြသေးတယ်လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။

“မနေ့က မီးရှို့ခံရတဲ့ မန်ကျည်းလေးပင်ရွာမှာ အိမ် ၃၆ လုံး ပျက်စီးသွားတယ်။ စကစတွေက တရွာဝင်တရွာထွက် မီးရှို့နေတာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ အကြောင်းမဲ့ရှို့နေတာ။ အခုမီးရှို့တဲ့ ပျူတွေနဲ့စကစတွေက ကန်နီပျူစခန်းကို ဝင်သွားကြပြီ” လို့ ဆိုပါတယ်။

အခုနှစ် စက်တင်ဘာ ၅ ရက်မှာလည်း ကန်နီရွာကပျူတွေနဲ့ စစ်ကောင်စီတပ်သားတွေ ပူးပေါင်းပြီးတော့ ကန်နက်ရွာက နေအိမ် ၂ လုံး၊ အိုးဘိုရွာက နေအိမ် ၁၄ လုံး၊ စုစုပေါင်း ၁၆ လုံး ပထမအကြိမ် မီးရှို့ ဖျက်ဆီးခဲ့ကြသေးတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်အထိ စစ်ကောင်စီတပ်တွေက အိမ်ခြေ ၇,၈၁၈ လုံး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က ဒီဇင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်ထားပါတယ်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။