myaelatt athan

Sharing Information to the Local

သတင်းပေးတဲ့ဖရဲသီးတွေကို ဆုငွေချီးမြှင့်မယ်ဆိုတဲ့စာစောင်တွေ တပ်စခန်းတွေပေါ်ကျဲချ

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၈၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ အရာဝောာ်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေပေါ်ကို ဒရုန်းအသုံးပြုပြီးတော့ ဖရဲသီးတွေကို ဆုငွေနဲ့အကျိုးခံစားခွင့်တွေ ပြန်လည်ချီးမြှင့်မယ့်အကြောင်းအရာတွေပါတဲ့ စာစောင်တွေကို ကျဲချခဲ့တယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတဆင့် သိရပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်မနေ့က ညနေ ၅ နာရီခွဲလောက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ညွှန်ကြားချက်အတိုင်း ကြဲခဲ့တာလို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။

“အမြန်လုပ်ပြီးဆုတ်ခွာခဲ့ရတာမို့ အဓိကမြို့ပေါ်တဝိုက်ရယ်၊ သူတို့တပ်စွဲထားတဲ့ အဓိကနေရာတွေကို ကျနော်တို့ကျဲခဲ့တာပါ၊ ဒါနဲ့ဆို ၃ကြိမ်မြောက်ပါ၊ ဝန်ကြီးဌာနကနေ ပြည်သူ့ဘက်ကိုရပ်တည်လိုတဲ့စစ်သားတွေကို စည်းရုံးတဲ့စာတွေဖြန့်တာပါ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းကလည်း အရှေ့တပ်လို့ခေါ်တဲ့ အရာတော် စခတ ၁၀ ရဲ့အပေါ်မှာ အလားတူစာစောင်တွေကို ပထမဆုံးအကြိမ်ကျဲခဲ့ပြီး၊ ၂၀၂၂ခုနှစ် ဧပြီလပိုင်းလောက်ကလည်း ဝန်ကြီးဌာနရဲ့လမ်းညွှန်မှုနဲ့ ဒုတိယအကြိမ်လုပ်ဆောင်ခဲ့ကာ၊ ခုတခါနဲ့ဆို ၃ ကြိမ်မြောက်ရှိပြီလို့ ဆိုပါတယ်။

အဆိုပါ ပန်းဖလပ်စာစောင်ထဲမှာ အမာခံသတင်းပေး(ဖရဲသီး)လုပ်မယ်ဆိုရင် သတင်းအချက်အလက်ပေါ်မူတည်ပြီး ဆုငွေပြန်လည်ချီးမြှင့်မှာဖြစ်သလို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကာကွယ်ပေးမှုအာမခံချက်ကိုလည်း ခံစားရမယ်ဆိုတဲ့အချက်တွေအပြင် တခြားအချက်များစွာလည်း ပါဝင်ပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။