myaelatt athan

Sharing Information to the Local

အင်းတော်တိုက်ပွဲ အထိအခိုက်များလို့ လေယာဥ်ပစ်ကူခဲ့၊ PDF ၅ဦးဒဏ်ရာရ

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် အင်းတော်မြို့နယ်ထဲကကျေးရွာထဲမှာ စစ်ကောင်စီတပ်နဲ့ KIA / Indaw Pdf ပူးပေါင်းတပ်ဖွဲ့တို့ ၂ရက်တာထိတွေ့ပစ်ခတ်မှုမှာ PDF ပူးပေါင်းတပ်ဖွဲ့မှ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်မှလည်းထိခိုက်သေဆုံးသူများစွာရှိတယ်လို့သိရပါတယ်။

ထီးချိုင့်ကနေထွက်လာပြီး အင်အား ၁၀၀ ရာကျော်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာဒီဇင်ဘာ ၂၆ ရက် မနေ့က မနက် ၁၀ နာရီကျော်လောက်က ခရမ်းစပ်ကုန်းရွာ နဲ့ မိုးလှိုင်းကုန်းရွာအနီးမှာ Indaw Pdf / KIA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု ၁ နာရီကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။

“စခတွေ ဘက်ကကျတာတော့ရှိတယ်။ အတိအကျတော့မသိရဘူး၊ ဘာလို့ဆိုတော့သူတို့က အလောင်းဖျောက်တဲ့နေရာမှာတော်တယ်ဆိုတော့လေ။ သူတို့ပထမဆုံးပါတာအင်အား၁၂၀လောက်ပါတယ်ဗျ။ အခုကတော့၈၂ကောင်လောက်ပဲကျန်တော့တယ်လို့တော့ပြောတယ်။ ကျနော်တို့ ဘက်ကတော့ အတိအကျကြီးတော့အတည်မပြုနိုင်သေးဘူးဗျ။” လို့ အင်းတော် PDF ရဲဘော်တဦးက ပြောပါတယ်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အဲဒီစစ်ကောင်စီတပ်ဖွဲ့တွေက မိုးလှိုင်းကုန်းရွာထဲကနေအိမ် ၁၆ လုံးကိုမီးရှို့ဖျက်ဆီးသွားပြီး မဲဇာရွာကိုပြန်လည်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။

အလားတူဒီဇင်ဘာ ၂၇ ရက် ဒီနေ့ မနက် ၇ နာရီချိန်လောက်မှာ မဲဇာရွာကနေ အလယ်ဆိပ်ရွာကို တက်လာတဲ့ အဲဒီစစ်ကောင်စီတပ်ဖွဲ့နဲ့ PDF တို့ ၃နာရီကြာ တိုက်ပွဲထပ်ဖြစ်ခဲ့ကြပါတယ်။

” ထိတွေ့ပစ်ခတ်မှုတွေဖြစ်နေချိန်သူတို့က ထိခိုက်ကျဆုံးတာတွေများတာရယ် ပိတ်မိနေတာတွေကြောင့် ဂျက်ဖိုက်တာလေယာဉ်တစီးက ပစ်ကူပေးခဲ့တယ်။ သူတို့ရဲ့ထိခိုက်ဒဏ်ရာရတဲ့လူတွေကို မဲဇာရွာထဲကိုပြန်ခေါ်သွားတယ်။ ပစ်ခတ်မှုပြီးသွားတော့ အလယ်ဆိပ်ရွာက စျေးဆိုင်ခန်း ၆ခန်း ၊ စာကြည့်တိုက်တလုံး ၊ နေအိမ်၂၆လုံးနဲ့ စပါးတင်းပေါင်းထောင်ချီမီးလောင်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

PDF တွေဘက်က ဒီဇင်ဘာ ၂၆ရက်က ၂ဦး ၂၇ရက်မှာ ၃ဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ပြီး အားလုံးကို ဆေးကုသပေးပြီးသွားပြီလို့ ဆိုပါတယ်။

အခုလက်ရှိ အချိန်မှာစစ်ကောင်စီတပ်ဖွဲ့တွေက မဲဇာကျေးရွာထဲမှာဒဏ်ရာရတဲ့ရဲဘော်တွေကို ဆေးကုပေးပြီး ဆက်လက်တပ်စွဲထားလို့ မဲဇာရွာသားတွေနဲ့ နီးစပ်ရာကျေးရွာကဒေသခံ ပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။