myaelatt athan

Sharing Information to the Local

ဒဏ်ရာရစစ်သားတွေကိုတင်လာတဲ့ကား မိုင်းဆွဲခံရပြီး တပ်ကြပ်အပါအဝင် ၆ ဦးသေဆုံး

0
0

မကွေး၊ ဒီဇင်ဘာ ၂၇၊ ၂၀၂၂။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖောင်းကွဲတိုက်ပွဲက ဒဏ်ရာရစစ်သားတွေကို ဆေးရုံပို့ဖို့ သယ်ဆောင်လာတဲ့ ကားတစီး ရှေ့ထွက်မိုင်း ၁၂ လုံးနဲ့တိုက်ခိုက်ခံရပြီး သေဆုံးသူတွေရှိတယ်လို့ Special Guerrilla Force- SGF Pakokku အဖွဲ့တာဝန်ရှိသူကတဆင့် သိရပါတယ်။

ဒီဇင်ဘာ ၂၆ရက် မနေ့က နေ့လည် ၁၂နာရီလောက်က ဒဏ်ရာရတပ်သား ၁၀ယောက်၊ အစောင့်စစ်သား အယောက်၂၀နဲ့ ပျူစောထီး ၁၀ယောက် လိုက်ပါလာတဲ့ဖောကားကို မြိုင်-ပခုက္ကူလမ်းပိုင်းတနေရာမှာ မိုင်းဆွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာထဲမှာထားထားတဲ့လူနာတွေကို ပခုက္ကူဆေးရုံပို့တာ၊ မိုင်းက ၆လုံးစီခွဲတာ၊ ကားအရပ် စစ်တွေက ကားပေါ်ကအဆင်းမှာ နောက်ထပ် ၆လုံးထပ်ခွဲတာ၊ ထိတွေ့မှုနာရီဝက်ကြာလိုက်တယ်ဗျ၊ ၆ ဦးသေပြီး ၂ဦးကခြေပြတ်တယ်၊ အင်ပင်ရွာက စစ် ပျူ**တွေတပ်ကူလာလို့ ရဲဘော်အားလုံးဆုတ်ခွာခဲ့တယ်။” လို့ ပြောပါတယ်။

တိုက်ခိုက်မှုကြောင့် ပခုက္ကူတပ်မ ၁၀၁ က အသက် ၃၆ နှစ်အရွယ် တပ်ကြပ် ဗိုလ်ရဲနန္ဒအပါအဝင် ၆ ဦး သေဆုံးပြီး ဒဏ်ရာရသေဆုံးအလောင်းတွေကိုတော့ အင်ပင်ရွာအထိုင်စခန်းမှာရှိတဲ့ စစ်သားတွေရောက်လာပြီး အိမ်စီးကားနဲ့တင်သွားတယ်လို့ ဆိုပါတယ်။

အပြန်လှန်ပစ်ခတ်မှု နာရီဝက်ကြာခဲ့ပြီး ကာကွယ်ရေးရဲဘော်တွေဘက်က ၂ ဦး ကျည်ရှပ်ထိမှန်ဒဏ်ရာရခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ကုသဖို့အတွက် ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နဲ့ ၂၄ ရက်နေ့ကလည်း ဖောင်းကွဲကျေးရွာအနီးတဝိုက်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ကာကွယ်ရေးအဖွဲ့တွေ ထိတွေ့မှုတချို့ရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။