myaelatt athan

Sharing Information to the Local

ရေနံချောင်းလျှပ်စစ်ရုံး နောက်ဆုံးအကြိမ် သတိပေးဗုံးခွဲခံရ

0
0

မကွေး၊ ဒီဇင်ဘာ ၂၅၊ ၂၀၂၂။

မကွေးတိုင်း၊ ရေနံချောင်းမြို့ကလျှပ်စစ်ရုံးကို ဒီဇင်ဘာလ ၂၅ ရက်ဒီညနေ ၆ နာရီခွဲမှာ ဒေသခံကာကွယ်ရေးတပ်တွေက နောက်ဆုံးအကြိမ်သတိပေး ဗုံးခွဲခဲ့ပါတယ်။

အဲ့ဒီရုံးက၀န်းထမ်းတွေအနေနဲ့ ဒေသခံပြည်သူတွေဆီကနေ မီတာခတွေကိုခြိမ်းခြောက်တောင်းဆိုတာတွေလုပ်တာကြောင့် ခုလိုသတိပေးဖောက်ခွဲခဲ့တာလို့ People’s Defence Force Yenangyaung အဖွဲ့မှ ဗိုက်စံသျှားကပြောပါတယ်။

“စာနဲ့သတိပေးတဲ့အပြင် ဖုန်းဆက်ပြီးတော့လည်းအကြိမ်ကြိမ်သတိပေးခဲ့တယ်။ သတိပေးတဲ့ကြားထဲကကို လူထုက ကျနော်တို့ဆီတိုင်တာတွေရှိတယ်။ လျှပ်စစ်ရုံးကတော့ပြောတာပေါ့ မီတာကိုဖြုတ်တာမဟုတ်ပါဘူး၊ မီတာတွေမဆောင်ရင်မီးဖြတ်တာပေါ့။ တကယ့်မြေပြင်မှာကျတော့ မီတာတွေဖြုတ်တယ်။ မီတာဖြုတ်တဲ့အပြင် မြို့ထဲမှာလိုက်ပြီး ဓါတ်စက်နဲ့အော်တယ်”လို့ ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အပြင် 9 မမ လက်နက်နဲ့ပါပစ်ခတ်ခဲ့ပြီး နောက်တကြိမ်ဆိုရင်ဒီထက်ပိုဆိုးလာနိုင်တယ်လို့လည်း ‌ဗိုလ်စံသျှားကဆက်ပြောပါတယ်။

“ဒီတခါ‌တော့ နောက်ဆုံးအကြိမ်သတိပေးခြင်းပေါ့။ နောက်ဆုံးအကြိမ်သတိပေးပြီးခါမှ ဒီထက်မကဆိုးလာရင် ကျနော်တို့အနေနဲ့ မီတာလိုက်ကောက်တဲ့စာရေးတွေနဲ့ လိုက်အော်နေတဲ့မီတာကားတွေပေါ်ကို ပစ်ခတ်သွားမယ်။ ကျနော်တို့အနေနဲ့ သူတို့အသက်အန္တရာယ်ကို သက်ညှာသွားမှာမဟုတ်ဘူး။ အာမခံချက်ပေးသွားမှာမဟုတ်ဘူး”လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို People’s Defence Force Yenangyaung၊ Hunter Dragon Group၊ ဖေကံကောင်းအဖွဲ့၊ Chauk Guerrilla Force ညီနောင်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြိး၊ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၉ ရက်ကလည်း အဲ့ဒီလျှပ်စစ်ရုံးကိုပဲ M-70-40 မမ ဗုံးသီးအပါအ၀င် လက်နက်ငယ်တွေနဲ့ပါ People’s Defence Force Yenangyaung အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၀န်ထမ်း ၂ ဦး ဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။