myaelatt athan

Sharing Information to the Local

ရွှေကျင်သာသနာပိုင်ဆရာတော်ကြီး ၂ ပါးဇာတိရွာအပါအဝင် နေအိမ် ၇၀၀ ကျော်ကို စစ်ကောင်စီကမီးရှို့

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

စစ်ကိုင်းမြို့နယ်၊ မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၅ ရွာက နေအိမ် ၇၀၀ ကျော်ကို ဒီဇင်ဘာလ ၂၁ ရက်မနေ့မနက်ပိုင်းမှာ စစ်တပ်ကဝင်ရောက်မီးရိူ့ခဲ့တယ်လို့ဒေသခံတဦးဆီက သိရပါတယ်။

စစ်ကိုင်းမြို့အခြေစိုက် ခမရ ၃၃ တပ်က မနေ့မနက် ၁၀ နာရီလောက်မှာ ဝင်ရောက်မီးရိူ့ခဲ့လို့ မိုးသောက်ရွာကနေအိမ် ၂၅၀၊ လင်းယဥ်ရွာက ၁၅၀၊ လင်းယဉ်ရွာသစ်ကနေအိမ် ၁၃၀၊ ရှမ်းကုန်းရွာက ၁၄၈ အိမ်နဲ့ ကုန်းကြီးရွာက ၅၁ အိမ်အပါ စုစုပေါင်း လူနေအိမ် ၇၂၉လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ သိရပါတယ်။

“မနေ့ကမနက် ၁၀ နာရီလောက်က တပ်မ ၃၃ ကနေ အင်အား ၇၀ လောက်နဲ့လာပြီး ကုန်းကြီးရွာကို မီးစရိူ့တာပါ၊ မီးဘေးသင့်ပြည်သူခန့်မှန်းခြေ သုံးထောင်ကျော်ရှိပါမယ်။ မီးဘေးသင့်ပြည်သူတွေကတော့ လက်ရှိမှာကြုံသလိုနေထိုင်နေရပါတယ်” လို့ စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီအထဲက လင်းယဥ်ကျေးရွာဟာ နဝမရွှေကျင်သာသနာပိုင်စံကင်းဆရာတော်ကြီးနဲ့မန္တလေးမြို့အနောက်ပြင် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝါဆိုကျောင်းက ရွှေကျင်ဂိုဏ်း သာသနာပိုင် ဆရာတော်ဥုးအဂ္ဃိယတို့ရဲ့ဇာတိရွာဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံကဆက်ပြောပါတယ်။

လက်ရှိမှာ မီးဘေးသင့်ပြည်သူတွေအတွက် အရေးပေါ်ရိက္ခာ၊ မိုးကာ၊ အဝတ်အထည်၊စောင်နဲ့ ဆေးဝါးပစ္စည်းတွေ လိုအပ်နေတယ်လို့သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။