တန့်ဆည်နဲ့ရေဦးနယ်က ကျေးရွာ ၁၇ ရွာကို စစ်ကောင်စီမီးရှို့လို့ နေအိမ် ၈၄၈ လုံးပြာကျပျက်စီး

0 2
0 2

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်နဲ့ ရေဦးမြို့ နယ်က ကျေးရွာ ၁၇ ရွာကို စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၀၀ ကျော်လောက်က ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်ကာ ဒီဇင်ဘာလ ၂၂ ရက် ဒီကနေ့မနက်ပိုင်းအချိန်ထိ မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

တန့်ဆည်မြို့နယ်မှာ ဒီဇင်ဘာ ၄ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ မီးရှို့ဖျက်စီးခံလိုက်ရတဲ့ကျေးရွာတွေကတော့ သာခေါင်ကြီးရွာနေအိမ် ၇၆ လုံး၊ ကမ်းဖြူရွာ နေအိမ် ၄၀ လုံး၊ ဝက်တိုးရွာ ၁၇ လုံး၊ ပုတီးရွာ ၆ လုံး၊ ပေချောင်ရွာ ၉၇ လုံး ၊ ထန်းကုန်းကြီးရွာ ၇၅ လုံး၊ မူးကျင်းစုရွာ ၇၃ လုံး၊ သာဂလရွာ ၄၁ လုံး၊ သာဂရရွာ ၁၁၇ လုံး၊ ထန်းပင်ကုန်းရွာ ၂၉ လုံး၊ ရွာရှည်(မ)ရွာ ၆ လုံး၊ ဂွေးကုန်းရွာ ၁၀ လုံး၊ ဖလံချိုင်ရွာတို့မှ ဆန်စက်ဆီစက်တွေ လည်းပါဝင်ပြီး စုစုပေါင်း အိမ်ခြေ ၈၄၈ လုံး ပြာကျပျက်စီးခဲ့တယ် လို့ ရေဦးမြို့ ပကဖ/ပလဖ ရဲဘော်အမေ့သား ကပြောပါတယ်။

“ဒီစကစတွေက ကန့်ဘလူနယ်ဘက်ကနေ စထွက်လာတာက ၁၈၀ လောက်ပါမယ်ဗျ။၈၀ လောက်က ကန့်ဘလူနယ်ဘက် ပြန်ဝင်သွားတယ်ဗျ။ ၁၀၀ လောက်က တန့်ဆည်နယ်နဲ့ အခုရေဦးနယ်ကိုဝင်လာပြီး ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မီးရှို့တာပါ။ အခုတော့ ပျက်စီးအခြေအနေကိုမသိရသေးဘူးဗျ။ စကစတွေကရွာထဲမှာဘဲရှိသေးတယ်။အပျက်အဆီးများနိုင်ပါတယ်။ ရွာဗုကြီး၊ ကလှဇဥ်၊ ပေကုန်း၊ ကြိုတိမ်ရွာတွေက ကပ်ရက်တွေပါဗျ” လို့ဆိုပါတယ်။

တပ်မ (၃၃) လက်အောက်ခံ ခမရ ၃၆၁ နဲ့ ၃၆၉ တပ်ရင်းတွေက စစ်ကောင်စီတွေနဲ့ဗျူစောထီးတွေ အင်အား ၁၀၀ကျော်က စစ်ကြောင်း ၂ကြောင်းနဲ့ ရေဦးမြို့နယ်က ကျေးရွာ ၄ ရွာဖြစ်တဲ့ ရွာဗုကြီး၊ ပေကုန်း၊ ကလှဇဥ်၊ ကြိုတိမ်ရွာတွေကို ဒီဇင်ဘာလ ၂၂ ရက်ဒီကနေ့မနက်ပိုင်းမှာ မီးရှို့ဖျက်စီးနေတယ်လို့ ရဲဘော်အမေ့သားက ပြောပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ ဖေဖေါ်ဝါရီလ ၁ ရက်ကစလို့ အခု၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်အထိ စစ်ကိုင်းတိုင်းက နေအိမ်ပေါင်း ၂၀၁၅၃ လုံး၊ မကွေးတိုင်းက နေအိမ်ပေါင်း ၅၄၁၈ လုံး၊ ချင်းပြည်နယ်က နေအိမ်ပေါင်း ၁၄၁၇ လုံးနဲ့ တခြားမြို့နယ်တွေက နေအိမ်ပေါင်း ၁၄၀၀ လုံးတို့ကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်စီးခဲ့တယ်လို့ Data For Myanmar ရဲ့အချက်အလက်မှတ်တမ်းအရ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။