myaelatt athan

Sharing Information to the Local

စစ်ဆင်ရေးမအောင်မြင်လို့ ပြန်ဆုတ်ခွာချိန် စစ်အုပ်စုဘက်ကပြန်ပစ်လို့ PDF တဦးဒဏ်ရာရ

0
0

မန္တလေး၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ပျော်ဘွယ်-ဝမ်းတွင်း လမ်းမကြီးပေါ်မှာမောင်းနှင်းလာတဲ့ စစ်ကောင်စီကားတစီးကို မိုင်းဆွဲခဲ့ရာ မအောင်မြင်ခဲ့တာကြောင့် ပြန်ဆုတ်ခွာလာချိန်မှာ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် PDF ရဲဘော်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၂ ရက်ဒီနေ့မနက် ၇ နာရီချိန်လောက်မှာ အင်အား ၂၀ နည်းပါးနဲ့စီးနင်းလိုက်ပါလာတဲ့ စစ်ကောင်စီကားကို People’s Defence Force Wundwin – WPDF တပ်ဖွဲ့က မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ပေမဲ့လည်း တိုက်ခိုက်မှုမအောင်မြင်ခဲ့တာကြောင့် WPDF တပ်ဖွဲ့ဝင်တဦးမှာ လက်မောင်းကျည်ထိမှန် ဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

“မိုင်းသုံးလုံးထောင်ခဲ့တယ်။ ဒါပေမဲ့မအောင်မြင်ခဲ့ဘူး။ မအောင်မြင်တာက မကွဲတာမဟုတ်ဘူး ကွဲတယ်။ ဒါပေမဲ့ထိရောက်မှုမရှိလိုက်ဘူး။ ကားကျော်သွားမှပေါက်ကွဲတော့ စကစတွေကကျနော်တို့ဘက်ကိုလှည့်ပြီး သေနတ်တွေနဲ့ပစ်တယ်။ ကျနော်တို့ဘက်ကရဲဘော်တဦးထိခိုက်သွားတယ်။ ဖောက်ခွဲမှုမအောင်မြင်ခဲ့တော့ စကစဘက်က ထိခိုက်ပျက်ဆီးကျရှုံးမှုမရှိလိုက်ဘူး” လို့ WPDF တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို အခုလိုမိုင်းဆွဲမှုမအောင်မြင်ဖြစ်ခဲ့တာဟာ ခုတကြိမ်နဲ့ဆိုရင်သုံးကြိမ်မြောက် ရှိပြီလို့လည်း ဆိုပါတယ်။

“ကျနော်တို့က ၅ လပိုင်းမှာတကြိမ်၊ ၈ လပိုင်းမှာတကြိမ်၊ ၁၂ လပိုင်းမှာ တကြိမ် စုစုပေါင်းသုံးကြိမ်ဖြစ်ခဲ့တယ်။ ပနဲ့ဒုကတော့လုံးဝကိုမပေါက်တာ။ ထိခိုက်မှုတွေလည်းမရှိခဲ့ပါဘူး။အခုလိုပေါက်ကွဲမှုမအောင်မြင်ခဲ့တာကလည်း လက်နက်ခဲယမ်းတွေမပြည့်စုံတဲ့အတွက်ပါ။ ကျနော်တို့တော်လှန်ရေးစကတည်းက ကိုယ့်ပိုက်ဆံနဲ့ကိုယ်တိုက်နေတာ၊ ဘာထောက်ပံ့မှုမှမရှိဘူး” လို့ အထက်ပါတပ်ဖွဲ့ဝင်ကပြောပါတယ်။

WPDFတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီစစ်ကြောင်းကိုမိုင်းဆွဲခဲ့တာဟာ ၁၀ ကြိမ်ထက်မနည်းရှိပြီး၊ နောက်ထပ်လုပ်ဆောင်ဖို့အတွက် လက်နက်ခဲယမ်းတွေလည်း လိုအပ်နေတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်က ကူညီထောက်ပံ့ပေးကြဖို့ကိုလည်း WPDF တပ်ဖွဲ့ဝင်ကဆိုထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။