myaelatt athan

Sharing Information to the Local

ရခိုင်မှာ ရွေးကောက်ပွဲအတွက် စစ်ကောင်စီက မဲစာရင်းကောက်ဖို့စီစဉ်

မြေလတ်အသံ၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။

၂၀၂၃ ခုနှစ်ထဲကျင်းပမယ့် စစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ်မှာ မဲစာရင်း ကောက်ယူတာတွေကို ဇန်နဝါရီလ ၉ ရက်မှာ စတင်ကောက်ယူဖို့ စီစဉ်နေတယ်လို့ ရခိုင့်ဝါရင့်နိုင်ငံရေးသမား လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက ပြောပါတယ်။

“မဲစာရင်းကောက်ယူဖို့ သင်တန်းတွေပါပေးဖို့လုပ်နေပြီး အပစ်ခတ်ရပ်ပြီးနောက် စစ်ကောင်စီက မဲစာရင်းကောက်ဖို့စိုင်းပြင်းနေပြီ။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို လူထုက စိတ်ဝင်စားမှုမရှိဘူးလို့” သူက ပြောပါတယ်။

ဒီရွေးကောက်ပွဲကို နိုင်ငံတကာကထောက်ခံမှုမရှိသလို လွတ်လပ်တရားမျှတမှာမဟုတ်ပေမယ့် စစ်ကောင်စီက ရွေးကောက်ပွဲကို ဖြစ်သလို ရအောင်ကျင်းပလိမ့်မယ်လို့ ဦးဖေသန်းက သုံးသပ်ထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ စီစဉ်နေပြီး၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ NLD ပါတီကတော့ အာဏာသိမ်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဘယ်နည်းနဲ့မျှ လုံးဝအသိအမှတ်ပြုမှာမဟုတ်ကြောင်း တရားဝင်ထုတ်ပြန်အသိပေးထားပါတယ်။

ရခိုင်မှမဲစာရင်းအတွက်အိမ်တိုင်ရာရောက် လူဦးရေစာရင်းကောက်မှာဖြစ်ပြီး ကွင်းဆင်းစာရင်းကောက်ဖို့ အဖွဲ့ ၁၂၉၀ ဖွဲ့ထားသလို အဖွဲ့ဝင်အင်အား ၆၉၄၀ ဦးနဲ့ ကောက်ယူမယ်လို့ စစ်ကောင်စီခန့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က မနေ့ကဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ပြောထားကြောင်းသိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။