myaelatt athan

Sharing Information to the Local

ဒုစစ်ခေါင်းဆောင်စိုးဝင်း ဝမ်ပေါင်ကိုရောက်နေတယ်သတင်းထွက်လို့ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ NRG တားမြစ်ထား

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ်ဝမ်ပေါင်ကုမ္ပဏီကို “ဒုစစ်ခေါင်းဆောင်စိုးဝင်း” ရောက်ရှိနေတယ်လို့သတင်းများထွက်ပေါ် နေပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်ဒီနေ့မနက် ၄ နာရီခွဲလောက်မှာ ပုသိမ်-မုံရွာကားလမ်းမတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ပျူတွေက အင်အား ၃၀၀ နည်းပါးနဲ့ လုံခြုံရေးယူထားတာကြောင့် လမ်းဘေးဝဲယာမှာရှိတဲ့ ဒေသခံတွေကြောက်လန့်ပြီး နီးစပ်ရာကျေးရွာတွေဘက်ကို တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

“စိုးဝင်းကမြစ်ကြီးနားကနေ လာတယ်ပြောတယ်။ ဒီကိုဘာကြောင့်လာလဲဆိုတာတော့မသိဘူး။ အရင်ကတခါမှမလာဖူးဘူး။ အခုမှလာတာ။ မနေ့ညနေကတည်းက နမခ မှာရောက်နေတာ။ ဒီမနက်ကားဘယ်နှစ်စီးလဲဆိုတာတော့ အတိအကျမသိရဘူး။ ဘာလို့လည်းဆိုတော့ မနက်ဝေလီဝေလင်း လမ်းတလျှောက်ကားတန်းရှည်ကြီး မီးရောင်တန်းကြီးမြင်ရပေမဲ့ အမှောင်မပြယ်သေးတော့ မသိနိုင်ဘူး” လို့ National Revolutionary Guards မှတာဝန်ခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ခရီးသွားပြည်သူတွေအနေနဲ့လည်း ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်က ပုသိမ် – မုံရွာလမ်းတလျှောက် မြန်မာဝမ်ပေါင်လမ်းဆုံ (၅/၁ လမ်းဆုံ)ကနေ ရွှေတောင်ဦး၊ ပေါင်ကျိုးကုန်းအထိ မိမိတို့ NRG တပ်ဖွဲ့ကထုတ်ပြန်တဲ့အချိန်မှစပြီး နောက်ထပ်တစုံတရာမထုတ်ပြန်မချင်း အဲဒီနေရာတွေကို ဖြတ်သန်းသွားလာခြင်းမပြုဖို့ကိုလည်း ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့အနေနဲ့အခုလိုလမ်းတွေပိတ်ရတာဟာ ပြည်သူတွေအတွက်ပါ။ တကယ်လို့ သူတို့ရှိတဲ့လမ်းကနေ ပြည်သူတွေက ဖြတ်သန်းသွားရင် ငွေကြေးတွေကောက်ခံတာတွေ၊ ရိုက်နက်တာတွေ၊ ချော်ဆွဲတာတွေကို စစ်**တွေကလုပ်ရင် ပြည်သူတွေပဲထိခိုက်မှာ။ အဲ့ဒါကြောင့် လမ်းကိုခေတ္တယာယီပိတ်ထားတာပါ။ အခြေနေတွေရှင်းသွားပြီ လမ်းတွေပြန်သွားလို့ရပြီဆိုရင် ကျနော်တို့ Page ကနေ ပြန်ထုတ်ပြန်သွားပေးမှာပါ” လို့ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။

ဒီလ ဒီဇင်ဘာ ၁၆ ရက်မှာလည်း ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ မြန်မာဝမ်ပေါင်ကုမ္ပဏီမှာအလုပ်လုပ်ကိုင်နေတဲ့ တရုတ်ပညာရှင်တွေ တရုတ်ပြည်ကိုပြန်ဖို့အတွက် သူတို့ရဲ့လုံခြုံရေးကိုစစ်ကောင်စီတပ်ဖွဲ့တွေက အင်အားအများအပြားချပေးထားပြီး လမ်းပိုင်းကိုလည်း ရွှေတောင်ဦး၊ ပေါင်ကျိုးကုန်းအထိသာမက ပုသိမ် – မုံရွာလမ်းမကြီးတလျှောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကင်းပုန်းချပြီး လုံခြုံရေးယူပေးခဲ့တယ်လို့လည်း သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။