ပေါက်တောင်ပိုင်းပြောက်ကျားတပ်က ဒေသခံတွေရဲ့ကျန်းမာရေးကို နယ်လှည့်ကုသပေးနေ

0 4
0 4

မကွေး၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်ကကျေးရွာတရွာမှာ ပေါက်တောင်ပိုင်းပြောက်ကျားတပ်(ခွဲ) ၃ အဖွဲ့က ပြည်သူတွေလိုအပ်နေတဲ့ကျန်းမာရေးနဲ့ပတ်သက်တာတွေကို ပညာပေးဟောပြောကုသပေးခဲ့ပါယ်။

ရာသီအလိုက်ဖြစ်တတ်တဲ့ရောဂါတွေ၊ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များတတ်တဲ့ရောဂါတွေနဲ့ ကာကွယ် နေထိုင်နည်းတွေကို ဒီဇင်ဘာလ ၁၉ ရက်ကပညာပေးဟောပြောခဲ့တာလို့ Southern Pauk Guerrilla Force တာဝန်ခံကပြောပါတယ်။

“ကျောင်းကျန်းမာရေးအတွက်နဲ့ ကျေးလက်ကျန်းမာရေးအတွက် ပညာပေးဟောပြောရတာပါ။ စစ်ရှောင်တွေကလည်း နေရာအနှံ့အပြားမှာရှိနေတော့ အလှည့်ကျဟောပြောပညာပေးကုသရပါတယ်။ အသိပညာပေးဟောပြောကုသပေးတာက CDM ကျန်းမာရေးဆရာမတွေပါ။ တော်လှန်ရေးရဲဘော်တွေက ဝိုင်းကူကြတာပါ” လို့ Southern Pauk Guerrilla Force တာဝန်ခံကပြောပါတယ်။

အထက်ပါကျေးရွာမှာ ကျောင်းသားကျောင်းသူတွေနဲ့ စစ်ရှောင်ပြည်သူတွေအပါ ၃၀၀ ဦးခန့်ကို အသိပညာပေးဟောပြောခဲ့ပြီး၊ စစ်ရှောင်ပြည်သူအချို့မှာလည်း ရာသီပေါ်အဖျားနဲ့ ရေမြေ၊ အစားအသောက်အပြောင်းအလဲကြောင့် ဖျားနာမူတွေရှိတဲ့အတွက် သူတို့ကိုဆေးကုသပေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပေါက်တောင်ပိုင်းပြောက်ကျားတပ်(ခွဲ) ၃ အဖွဲ့ဟာ ပေါက်တောင်ပိုင်းမှာအခြေချထားပြီး၊ ပြီးခဲ့တဲ့ ဇူလိူင်လကစတင်ကာ အခုအချိန်အထိ ကျေးရွာပေါင်း ၁၈ ရွာခန့်ကို လှည့်လည်ဆေးကုသပေးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။