myaelatt athan

Sharing Information to the Local

မုံရွာမှာ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားသေနတ် ၅ ချက်အပစ်ခံရ

0
0

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး သေနတ်နဲ့ပစ်ခံရလို့ ဆိုင်ရှင်အမျိုးသား ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်နေ့၊ နေ့လည် ၂ နာရီကျော်ခန့်မှာ ရွှေမုံရွာ ရတနာရွှေဆိုင်ရှေ့ကို ကားတစီးနဲ့ အမျိုးသား ၃ ဦးရောက်လာပြီး ရွှေဆိုင်ကိုသေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လာတာက လူလတ်ပိုင်းအမျိုးသား ၃ ယောက်လို့ သိရတယ်။ ရွှေဆိုင်ကို ပစ်ခတ်ပြီးမှ ရွှေလုသွားတာ။ အများကြီးတော့ မပါသွားဘူး။ သူတို့သေနတ်နဲ့ပစ်လို့ ဆိုင်ရှင်အမျိုးသားတော့ ထိသွားတယ်။ ဆိုင်မှာက လင်မယား နှစ်ယောက်တည်းရှိကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရလို့ ဆိုင်ရှင်အမျိုးသားမှာ တင်ပါးဆုံ၊ ခြေသလုံးနဲ့ ​ခြေကျင်းဝတ်တွေမှာ သေနတ်ဒဏ်ရာ ၅ ချက်ရသွားပြီး စိုးရိမ်ရလို့ မုံရွာပြည်သူ့ဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ပြီးနောက် ဓားပြတိုက်သူတွေဟာ ဆိုင်ကနေ ကမန်းကတန်း ပြန်ထွက်သွားရလို့ ၁ မတ်သားခန့်ရှိ ရွှေလက်စွပ်တကွင်းသာ ယူသွားနိုင်တယ်လို့ သိရပါတယ်။

မြို့လယ်ခေါင်မှာ လူကိုသေနတ်နဲ့ပစ်ခတ်ပြီး ရွှေလုယူသွားသူတွေကို မဖမ်းလိုက်နိုင်ဘဲ လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ကလည်း မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့တရုတ်တန်းလမ်းထောင်မှာရှိတဲ့ သိန်းတရာရွှေဆိုင် ဓားမြတိုက်ခံရလို့ ကျပ်သိန်းပေါင်း ၃ သောင်းကျော်တန်ဖိုးရှိ ရွှေထည်တွေပါသွားမှုမှာလည်း လက်ရှိအချိန်ထိ ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။