myaelatt athan

Sharing Information to the Local

ကန့်ဘလူမှာ ၆ တန်းကျောင်းသားတဦးကို စစ်အုပ်စုကသတ်ပြီး နေအိမ်ကိုပါမီးရိူ့

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ၆ တန်းကျောင်းသားတဦးကို ဒီဇင်ဘာလ ၁၉ ရက်မနေ့ကညပိုင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ပျူစောထီးအဖွဲ့ဝင်တွေက သေနတ်နဲ့ပစ်သတ်ခဲ့ပြီး နေအိမ်ကိုပါမီးရှို့ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်၊ ဇီးပင်သာရွာမှာနေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်သုတဇော်ကို မနေ့ည ၈ နာရီခွဲဝန်းကျင်လောက်မှာ စစ်တပ်နဲ့ပျူစောထီးတွေက ဝင်ရောက်စီးနင်းနေအိမ်တွေမီးရှို့ချိန်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

“စစ်တပ်နဲ့ပျူတွေက ဇီးပင်သာရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်မီးရိူ့နေချိန် ကလေးကကြောက်လို့ အိမ်သာနားပုန်းနေတာမှာ ပစ်သတ်ခံရတာပါ။ ပျူက ပစ်သလား၊ စစ်တပ်က ပစ်သလားတော့မသိဘူး။ အခုရွာထဲက စစ်တပ်နဲ့ပျူတွေထွက်သွားတော့ အလောင်းကတော့ မိဘတွေလက်ထဲရောက်ပေမယ့် သူ့အိမ်ပါမီးရိူ့ခံရတော့ ထားစရာမရှိဘူး” လို့ ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကန့်ဘလူမြို့နယ်၊ လယ်လှရွာက ပျူစောထီးတွေအပါ အင်အား ၅၀ လောက်နဲ့ ပစ်ခတ်ဝင်ရောက်ပြီး မောင်သုတဇော်နေအိမ်အပါအိမ် ၃ လုံးကို မီးရှို့ခဲ့တာလို့ သိရပါတယ်။

အလားတူပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်ကလည်း ကန့်ဘလူမြို့နယ်၊ လျော်ဖြူကုန်းရွာက အသက် ၁၇ နှစ်အရွယ် အဌမတန်းကျောင်းသား မောင်ဝင်းဝင်းသူကိုလည်း ခမရ ၃၆၃ တပ်သားတွေက အခြားစစ်ရှောင် ၁၃ ဦးနဲ့အတူ ဖမ်းဆီးသတ်ခဲ့ပါသေးတယ်။

ဒါ့အပြင်နိုဝင်ဘာလ ၃ ရက်ကလည်း ခမရ ၃၆၃ တပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကန့်ဘလူမြို့နယ်၊ ဇီးကနားရွာက အသက် ၁၃ နှစ်အရွယ် မောင်ပိုင်ဆက်ထူးသေဆုံးခဲ့ပြီး၊ စက်တင်ဘာလ ၉ ရက်ကလည်းအသက် ၅ နှစ်အရွယ် မိဿလင်ရွာသား မောင်အောင်မြင့်မြတ်ဟာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး သေဆုံးခဲ့ရပါသေးတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။