ညောင်ငုတ်တို တိုက်ပွဲမှာ လေယာဥ်ပစ်ကူခဲ့လို့ PDF တပ်စိတ်မှူးတဦးကျဆုံး

0 1
0 1

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။

စစ်ကိုင်းတိုင်းဆားတောင်မြို့နားက ညောင်ငုတ်တိုတိုက်ပွဲမှာ စစ်ကောင်စီတပ်ကလေယာဉ်နဲ့ ပစ်ကူပေးခဲ့လို့ PDF တပ်စိပ်မှူးတဦး ကျဆုံးသွားတယ်လို့ တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီးအင်အား(၅၀)နီးပါးရှိတဲ့ ဆားတောင်မြို့နားကပျူအခြေစိုက်စခန်းကို စစ်ကိုင်းခရိုင်တပ်ရင်း(၃)၊ စစ်ကိုင်းခရိုင်တပ်ရင်း(၂)၊ LPDFနဲ့ ပကဖတို့ပူးပေါင်းပြီးဒီဇင်ဘာ၁၉ရက် မနေ့ကမနက် ၃နာရီကျော်လောက်မှာ သွားပစ်ခတ်ချိန် တိုက်ပွဲဖြစ်ခဲ့တာလို့ ပြောပါတယ်။

ပစ်ခတ်မှုတွေ ဖြစ်နေချိန် ၈နာရီလောက်မှာ စစ်ကောင်စီတပ်က Mi35 စစ်ရဟတ်ယာဉ် တစီးနဲ့ ပစ်ကူပေးခဲ့လို့ စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)တပ်ခွဲ(၁)ကအသက် ၃၀ကျော်တပ်စိပ်မှူး ဗိုလ်ကသာရဲ့ ဦးခေါင်ကျည်ထိပြီး သေဆုံးသွားတယ်လို့ဆိုပါတယ်။

“ညောင်ငုတ်တိုဆိုတာက ဆားတောင်မြို့နားကပျူရွာ။ ပျူအခြေစိုက်စခန်းပါ။ အဲဒီကိုသွားတိုက်ရင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်တာ။ ရန်သူဘက်ကအတော်များများသေဆုံးမှုရှိတယ် အတိကျတော့မသိရသေးပါဘူး။ ကိုကသာက ထိတွေ့တိုက်ပွဲအတော်များများပါဝင်ဖူးခဲ့ပြီးရဲရင့်တဲ့သူတယောက်ပါ။”လို့ LPDFတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ကျဆုံးသွားတဲ့ တပ်စိပ်မှူးဗိုလ်ကသာဟာ KIA တပ်မဟာ ၈ အပတ်စဥ် ၄ စစ်သင်တန်းဆင်းတဦးလည်းဖြစ်ပါတယ်။

ညောင်ငုတ်တိုရွာထဲက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ဟာ လက်နက်အားကိုးနဲ့ အနီးနားရွာကဒေသခံတွေကို အနိုင်ကျင့်၊ ရန်ပြုခြင်းမျိုးမကြာခဏပြုလုပ်လေ့ရှိတာကြောင့် ဆားတောင်နယ်အရှေ့ခြမ်း ကျေးရွာကဒေသခံတွေဟာ ဆားတောင်မြို့ပေါ်ကိုစျေးလာမဝယ်ရဲပဲ ဖြစ်နေရတယ်လို့ နယ်မြေခံ သတင်းအရင်းအမြစ်ဆီက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။